အရက်တူတူသောက်နေရင်း Rain ရဲ့ နာမည်ကြီး ရည်းစားဟောင်းနာမည်ကို ပြောပြခဲ့တဲ့ Lee Hyo-ri

//s9.kh1.co/b9/b983242b7655bf2db0dfe114198e70525d5bbbf1.jpg
အနုပညာရှင်များ

 ၂၁-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

Unnie ကတော့ ဆေးထိုးပြီဟေ့ .. အိမ်ရောက်ရင် Kim Tae Hee ရှင်းပေတော့ပဲ ..

မေလ ၁၉ ရက်နေ့က  Rain ရဲ့ YouTube Channel မှာ  “Season B Season” ဆိုတဲ့ “Rain၊ Lee Hyori နဲ့ KCM တို့ရဲ့ “ကောလဟာလများ ” ဆိုတဲ့ ဗီဒီယိုအသစ်ကို ထုတ်လွှင့်ခဲ့ပါတယ်။ Video ထဲမှာတော့ ဂျယ်ဂျုကျွန်းမှာရှိတဲ့ စားသောက်ဆိုင်မှာ သူငယ်ချင်းတွေ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

Photo  Credit : Kbizoom
Photo Credit : Kbizoom

စကားပြော စားသောက်နေကြရင်း Rain က Lee Hyori ကို “အရင်က ငါတို့တူတူ အကလေ့ကျင့်ဖူးတာကို မှတ်မိလား? လေ့ကျင့်ပြီးတိုင်း ဘာလို့သောက်ဖို့မခေါ်တာလဲ” လို့ မေးတဲ့အခါမှာတော့ Lee Hyori က “အဲ့တုန်းက ငါ့မှာ ရည်းစားရှိနေလို့ပါ”လို့ ပွင့်ပွင့်လင်းလင်း ဖြေခဲ့ပါတယ်။  

Photo  Credit : Kbizoom
Photo Credit : Kbizoom

KCM က Lee Hyori ကို “ ငါလည်းတစ်ခုလောက်မေးချင်လို့ပါ၊ အရင်တုန်းက Dating သတင်းတွေ အများကြီး ထွက်ခဲ့ဖူးတယ်၊ အဲဒါတွေက တကယ်လားလို့” မေးလိုက်တဲ့ အခါမှာတော့ Lee Hyori က “အဲ့သတင်းတွေက ကောလဟာလတွေပါ၊ တကယ်မဟုတ်ပါဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။

Photo  Credit : Kbizoom
Photo Credit : Kbizoom

Rain က “ငါ့မှာလည်း ချိန်းတွေ့နေတယ်ဆိုပြီး ကောလဟာလတွေ အများကြီး ထွက်ခဲ့ဖူးတယ်။ အားလုံးက အမှန်လို့ ထင်ကြပေမယ့် ဒါတွေက အမှန်မဟုတ်ဘူး” လို့ ကြားဖြတ်ပြီး ပြောလိုက်ပါသေးတယ်။ အဲ့အချိန်မှာပဲ Lee Hyori က မဆိုင်းမတွ Rain ရဲ့ နာမည်ကြီး ရည်းစားဟောင်းနာမည်ကို ပြောပြခဲ့ပါတယ်။ Video ထဲမှာတော့ နာမည်ဘယ်သူလဲဆိုတာကို အသံဖျောက်ထားပေမယ့် Rain ကတော့ နာမည်ကြား ပြီးပြီးချင်း ကြောင်အမ်းအမ်းနဲ့ စက္ကန့် အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့ပါတယ်။

Photo  Credit : Kbizoom
Photo Credit : Kbizoom
Photo  Credit : Kbizoom
Photo  Credit : Kbizoom

ခဏနေမှ ပြုံးပြီး Rain က “ကျွန်တော့်ရဲ့ ကောလဟာလတွေက တကယ့်ကောလဟာလတွေပါပဲ” လို့ ပြောခဲ့ပါတယ်။ KCM က “မင်းဘာလို့ ရှက်နေတာလဲ? သောက်လေ” လို့ ပြောလိုက်တော့မှ Rain က ပြုံးပြီး သောက်ချလိုက်ပါတော့တယ်။ ခဏအကြာမှာတော့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ရင်း စကားဝိုင်းကို အဆုံးသတ်လိုက်ပါတော့တယ်။

Video Credit : Kbizoom

Source : Kbizoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T