ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ သိသင့်တာလေးတွေကို လေ့လာနေပြီဆိုတဲ့ Park Shin-hye

//s9.kh1.co/b7/b7b787b598dbb4efe43b7e1f41ab48df430e51fc.png
အနုပညာရှင်များ

 ၂၁-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မိသားစုသစ်လေး ရောက်လာခဲ့ပြီးရင်လည်း အကောင်းဆုံး ဖျော်ဖြေမှုတွေနဲ့အတူ ပရိသတ်တွေဆီကို …

Park Shin-hye က သူမရဲ့ နေ့စဉ်ဘ၀ကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ မေလ 20 ရက်နေ့ မနက်ပိုင်းမှာတော့ မင်းသမီး Park Shin-hye က "My house's best cutie Choco and my favorite flower" ဆိုတဲ့ စာတန်းနဲ့အတူ သူမရဲ့ Instagram မှာ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : ssinz7's IG Acc
Photo Credit : ssinz7's IG Acc

ဓာတ်ပုံထဲမှာတော့ Park Shin-hye က သူမ ပြုစု ပျိုးထောင်ထားတဲ့ ပန်းလေးနဲ့ ကြောင်လေးကို ဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ Park Shin-hye က လက်ရှိ ကိုယ်ဝန်ဆောင်ချိန်မှာ သူမနားမှာရှိတဲ့ ကြောင်လေးနဲ့ ပန်းလေးတွေကို  နွေးထွေးတဲ့မေတ္တာနဲ့ ပြုစုနေတာဖြစ်ပြီး သူမရဲ့ ကလေးလေးကိုလည်း အဲ့လိုပြုစုပျိုးထောင်ဖို့ လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

Park Shin-hye ကတော့ မင်းသား Choi Tae-joon နဲ့ ၄ နှစ်ကြာ တွဲခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်နေ့မှာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ Park Shin-hye က “ကျွန်မတို့ ချိန်းတွေ့နေတာကြာပြီဖြစ်တဲ့ သူနဲ့ လက်ထပ်တော့မှာပါ။ ကျွန်မရဲ့ အိမ်ထောင်သည်ဘ၀ကို အချိန်အတော်ကြာအောင် ကျွန်မကို ပံ့ပိုးပေးခဲ့တဲ့၊ ကျွန်မရဲ့ ချို့ယွင်းချက်တွေကိုတောင် ဖုံးကွယ်ထားခဲ့တဲ့၊ သူနဲ့ ကျွန်မရဲ့ အိမ်ထောင်သည်ဘဝကို စတင်တော့မှာပါ။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

ထုတ်ဖော်ပြောဖို့ စောလွန်းနေသေးတယ်လို့ ထင်တာကြောင့် အခုမှ ပြောပြခဲ့ရတာပါ။ ကျွန်မတို့နှစ်ယောက်ရဲ့ ဘဝထဲကိုလည်း အဖိုးတန်တဲ့ ဘဝတစ်ခု ရောက်လာခဲ့ပါပြီ။ မိသားစုသစ်လေးရောက်လာခဲ့ပြီးရင်လည်း အကောင်းဆုံး ဖျော်ဖြေမှုတွေနဲ့အတူ ပရိသတ်တွေဆီကို ပြန်လာခဲ့ပါမယ်” ဆိုပြီး သူမရဲ့ Instagram မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

Source : ssinz7's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T