ကွယ်လွန်တော့မှာ သိနေတာကြောင့် ဆေးရုံမှာ နောက်ဆုံး Vlog လေးရိုက်ပြီး နှုတ်ဆက်ခဲ့တဲ့ တောင်ကိုရီးယား YouTuber လေး Kkuming

//s9.kh1.co/28/28f2e9d93b2a1258afacfd5956ff77a8b1035553.jpeg
အနုပညာရှင်များ

 ၂၁-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ကွယ်လွန်တော့မှာ သိနေတာကြောင့် ဆေးရုံမှာ နောက်ဆုံး Vlog လေးရိုက်ပြီး နှုတ်ဆက်ခဲ့တဲ့ တောင်ကိုရီးယား YouTuber လေး Kkuming

မေလ ၂၀ ရက်နေ့က တောင်ကိုရီးယား နာမည်ကျော် YouTuber လေးဖြစ်တဲ့ Kkuming ဟာ သူမရဲ့ ပရိတ်သတ်တွေကို ထိတ်လန့်အံ့ဩဖွယ်ရာ ဖြစ်ရပ်ကြီး တစ်ခု ချပြခဲ့ပါတယ်။ အဲ့ဒါကတော့ အခြားမဟုတ်ပါဘူး။ သူမကင်ဆာ ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရပြီး ထွက်ခွါသွားတော့မယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ 

Instagram 
Instagram 

Kkuming က တောင်ကိုရီးယား YouTuber တစ်ယောက်ဖြစ်ပြီး ကင်ဆာရောဂါ နောက်ဆုံးအဆင့် ဝေဒနာ ခံစားနေရတဲ့ သူလေးဖြစ်ပါတယ်။ Kkuming လေးက ဆေးရုံမှာ နေ့စဉ် ရင်ဆိုင် တိုက်ပွဲဝင်နေရတဲ့ သူမရဲ့ တစ်နေ့တာလှုပ်ရှားမှုလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲ တင်ပေးနေကြဖြစ်ပါတယ်။ 

Instagram 
Instagram 

ဒီတစ်ခေါက်မှာတော့ Kkuming လေးက သူမရဲ့ နောက်ဆုံး ဗီဒီယိုလေးကို ပရိသတ်တွေအတွက် နှုတ်ဆက်တဲ့အနေနဲ့ တင်ပေးလာခဲ့ပါတယ်။ ပရိသတ်တွေကြောင့် သူမ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရသလဲ ဆိုတာကိုလည်းKkuming က ဗီဒီယိုလေးထဲမှာ ထည့်သွင်း ဖော်ပြပေးထားပါတယ်။ 

YouTube 

နောက်ဆုံး နှုတ်ဆက်တဲ့ ဗီဒီယိုလေးကို Kkuming က သူမ ထွက်ခွါမသွားခင်မှာ ပရိသတ်တွေအတွက် အကောင်းဆုံးလေး တစ်ခုခုချန်ထားခဲ့ ချင်တာကြောင့် တင်ခဲ့တာဖြစ်ကြောင်း ဆိုထားပါ တယ်။ သူမအနေနဲ့ အသက်ရှင်နိုင်ဖို့အချိန်လေးက တစ်ပတ် သို့မဟုတ် အများဆုံး တစ်လ ခန့်သာ ရှိတော့တယ်လို့ Kkuming လေးက ပြောထားပါတယ်။

Instagram 
Instagram 
Instagram 
Instagram 

Kkuming လေး ဗီဒီယိုထဲမှာ  နှုတ်ဆက် ခဲ့တဲ့ စကားလေးကို ဘာသာ ပြန်ပေးလိုက်ပါတယ်နော်။

Instagram 
Instagram 

“ပရိသတ်ကြီးရေ .. နောက်ဘဝကျရင် အတူတူ ပြန်တွေ့ကြရအောင် နော်။ ထပ်မံမွေးဖွားလာပြီး ဗီဒီယိုလေးတွေပြန်တင်တဲ့ အချိန်မှာ ကြည့်ရှုသူ ၁ မီလီယံ ကျော်ချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။ နှုတ်ဆက်ပါတယ်နော်။”

YouTube 
YouTube 
YouTube 
YouTube 

Kkuming က ၂၀၂၀ ခုနှစ် အသက် ၂၁ နှစ် အရွယ်မှာကတည်းက သားအိမ် ကင်ဆာ နောက်ဆုံးအဆင့် ရောက်ရှိနေတဲ့ သူဖြစ်ပါတယ်။ 

Allkpop
Allkpop


အသက်ရှင်ဖို့ ၆ လလောက်ပဲ ကျန်တော့မယ့် Kkuming လေးက သူမရဲ့ ပုံရိပ်လေးတွေကိုဆွေမျိုး သူငယ်ချင်း မိသားစုနဲ့ သူမကို ချစ်ခင်ရတဲ့သူတွေ အမြဲ မြင်တွေ့နိုင်ဖို့ YouTube မှာ Vlog လေးတွေရိုက်ပြီး တင်ပေးနေတာ ဖြစ်ပါ တယ်။ Kkuming ရဲ့ ဖြစ်ရပ်ကတော့ ဖြေမဆည်နိုင်အောင် တော်တော်သနားဖို့ ကောင်းလွန်းလှပါတယ်နော်။ 

YouTube 
YouTube 
Instagram 
Instagram 

Source- Allkpop

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T