MRTV4 မင်းသမီးလေး သံသာညီကို အားလုံးပဲ သိကြလိမ့်မယ်လို့ထင်ပါတယ်။
ချစ်စရာအရမ်းကောင်းပြီး ကော်ပတ်ရုပ်လေးလို လှတဲ့သူလေးဟာ အရင်ကဇာတ်အေးအေးလေးတွေကို သရုပ်ဆောင်ခဲ့ပေမယ့် အခု ဆိုရင်ခပ်ဟော့ဟော့ မာနခဲလေးအဖြစ်သရုပ်ဆောင်းရင်း ပရိတ်သတ်ကြားမှာ လူကြိုက်များလာခဲ့ပါတယ်။
လက်ရှိ ပြနေတဲ့ သရဖူဇာတ်ကားမှာ မာနခဲလေးရိုစီအဖြစ်သရုပ်ဆောင်နေရပေမယ့် အပြင်မှာတော့ ဒီလို ဆိုးတဒ့ကောင်မလေးမဟုတ်ပါဘူး လို့ သူမရဲ့ Facebookစာမျက်နှာ ပုံလှလှလေးတွေတင်ရင်း ပြောခဲ့ပါသေးတယ်။
အသားဖြူဖြူ နုနုလေးနဲ့ချစ်ဖို့ကောင်းတဲ့သူမကို မာနကြီးတဲ့အခန်းမှာလည်းမမုန်းနိုင်ထဲ့သလို ရိုးသားတဲ့အခန်းမှာလည်း ပရိတ်သတ်တွေက ချစ်နေမိကြပါပြီ။
အခုလည်း သရဖူ ဇာတ်ကားထဲက ရိုစီဆိုတဲ့နေရာမှာ ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ပုံလေးတွေကိုတင်ထားခဲ့ပါတယ်။
ကဲ ဗိုက်ကြီးနဲ့တောင် ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲနော် ....