လူငယ်တွေရဲ့ ခံစားချက်နဲ့ကွက်တိကျအောင် တေးသီချင်းတွေဖန်တီးလေ့ရှိပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူတစ်ဦးကတော့ အဆိုတော် ရဲရင့်အောင် ပဲ ဖြစ်ပါတယ်။
သိပ်မကြာခင် က ပြုလုပ်ကျင်းပခဲ့တဲ့ အဆိုတော် ထက်ယံ ရဲ့ မင်္ဂလာပွဲမှာ အဆိုတော် ရဲရင့်အောင်က သတို့သားအရံအနေနဲ့ ပါဝင်ကူညီအားဖြည့်ပေးခဲ့တာဖြစ်ပါတယ်။
အဆိုတော် ရဲရင့်အောင် က သူ့ချစ်သူကောင်မလေးဖြစ်တဲ့ မော်ဒယ် သရုပ်ဆောင် ဧငြိမ်းဖြူ နဲ့ အတူ အဆိုတော် ထက်ယံရဲ့မင်္ဂလာပွဲမှာ ဝင်ရောက်အားဖြည့်ခဲ့ပုံကို ပရိတ်သတ်တွေထံ မျှဝေလာခဲ့တာကြောင့် ပရိတ်သတ်တွေ ကြည့်ရှုနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။