လက်ရှိပေါင်၁၅၀ရှိတဲ့ သူမခန္ဓာကိုယ်ကို ချပြရင်း တစ်လတိတိ ဝိတ်ချမယ်လို့ ပြောပြသွားတဲ့မြတ်သူသူ...

//s9.kh1.co/c1/c11b843853340bec4dea5cbb5ee15352679236a1.jpg
အနုပညာရှင်များ

 ၂၀-မေ-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

တစ်လတိတိမှာသူဘယ်လောက်ပြောင်းလဲသွားမလဲ??

မြညို လို့ နယ်ဘက်ကလူတွေ အသိများခဲ့တဲ့ သဘာဝမင်းသမီးလေး မြတ်သူသူဟာ ညိုညိုချောချောလေးနဲ့ စကားပြောပွင့်လင်းရိုးသားသူပါ။

ဘယ်ဇာတ်ကားမှာမဆို ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့လို့ပရိတ်သတ်အချစ်တွေနဲ့ အားပေးမှုကိုရရှိထားသူလေးပါပဲ။

https://s9.kh1.co/__image/w=650,h=868,q=100/55/55e91e5f1c7d316e5ee99c4b398f10971359608a.jpg

အခုနောက်ပိုင်းမြတ်သူသူတစ်ယောက် အရင်ထက်ပိုပြီးပုည့်လာတာကို သတိထားမိကြမှာပါ။

https://s9.kh1.co/__image/w=650,h=502,q=100/8e/8e90b98feea9272b580ce7dc29d96200dc199164.jpg

ချစ်တဲ့သူတွေကတော့ပြည့်ပြည့်လေးနဲ့ ချစ်စရာလေးစိတ်ချမ်းသာလို့ထင်တယ်လို့ ပြောကြပေမယ့် တစ်ချို့သူတွေကတော့ သူရဲ့ ခန္ဓာကိုယ်အပေါ် ဝေဖန် မှုတွေ ရှိလာခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=739,q=100/24/243e078b37ed4cfd7fcba95c96f7a23426eccd2c.jpg

အစကဘာမှမဖြစ်ခဲ့ပေမယ့် ဝလာလိုက်တာ လို့ လူအများပြောဖန်များလာတဲ့အခါ မြတ်သူသူတစ်ယောက် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=681,q=100/06/06a54f94dac78162f54024f6df9c8c6a14755c1b.jpg

တကယ်တော့ သူမထုတ်မပြောဖြစ်ခဲ့တဲ့ သူဝလာတဲ့ အကြောင်းအရင်းရှိပါတယ်

ဒါကတော့ သူမဟာ ဓမ္မတာလာချိန်မှာ ခေါင်းလျှော်မှားခဲ့တာတွေကြောင့်သွေးလုံးတည်ပြီး ဆေးရုံတက်ခဲ့ရပါတယ်။ အဲ့ဒီချိန်က ကိုဗစ်ကာလမလို့အာဟာရရှိအောင်စားရသလို

သွေးလုံးတည်တာပေါက်သွားလို့ ဗိုက်နဲ့ချက်အပေါက်ဖောက်ပြီး ခွဲစိတ်ထားရပါသေးတယ်။

https://s9.kh1.co/__image/w=650,h=793,q=100/ac/ac72ff83b1d43e6bf8155389454087d482e6c41c.jpg

သားအိမ်နံရံမှာလည်း Spotတွေရှိလို့ ဟော်မုန်းဆေးပါ‌သွင်းရပါသေးတယ်။

ဒါကြောင့်လက်ရှိမှာ ပေါင်၁၅၀ ရှိနေပြီးမနက်ဖြန်ကစပြီး ၁လတိတိဝိတ်ချပြီလို့ သူမရဲ့ Facebook စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

သူဝိတ်ချနေစဉ်အတွင်းလည်း ဘယ်လိုချတယ် ဘာတွေလုပ်ဖြစ်တယ်ဆိုတာကို တိတိကျကျ နဲ့ ပရိတ်သတ်ကိုပြန်လည်ဝေမျှမယ်လို့လည်းရေးသားထားခဲ့ပါတယ်နော်

ကဲ ဝိတ်ချနေတဲ့ မြတ်သူသူလေးကိုအားပေးလိုက်ရအောင်

Source from Myat Thu Thu's Facebook

Photos credit from Facebook

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T