လာမယ့်(၆)နာရီအတွင်း မော်လမြိုင်မြို့အနီးမှ အနီရောင်အဆင့် မုန်တိုင်းငယ်ဖြတ်ကျော်ဝင်ရောက်မည်

//s9.kh1.co/0c/0c2aec1cb6e91d8c044a8394d579c4e9daca545b.jpg
နေ့စဉ်သတင်းများ

 ၂၀-မေ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

မော်လမြိုင်မြို့အနီး ကို မုန်တိုင်းဖြတ်မယ်လို့ သိရပြီး........... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်မကြာခင် လာမယ့် (၆) နာရီအတွင်း မုန်တိုင်းငယ်တစ်ခုဟာ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပြီး အဆိုပါမုန်တိုင်းဟာ အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်လိုက်ပါတယ်၊။

https://s9.kh1.co/__image/w=650,h=487,q=100/ba/baee12c1e5bae3cc627d9a675bc1d3123c77f416.jpg

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ ယနေ့ မေလ (၂၀) ရက်နေ့ နေ့လယ် (၂) နာရီ ထုတ်ပြန်ချက်အရ မုတ္တမကမ်းလွန်အနီးတွင် ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဟာ အရင်ထက် ပိုမိုအားကောင်းလာပြီး၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိ ခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=458,q=100/fe/fe91a51c710510e49cce252027fc51aeb1c30edf.jpg

အဆိုပါ မုန်တိုင်းငယ်ဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မယ့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားပါတယ်လို့ဆိုပါတယ်။ အဆိုပါ မုန်တိုင်းငယ် ရဲ့ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၁.၅.၂၀၂၂) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=839,q=100/fc/fc14c4fcc2c8189a2249b5be76d5baee30d1c855.jpg
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T