ဆိုလာတွေဖုန်တက်လို့ တိုင်ပတ်နေတဲ့ မားစ်စူးစမ်းလေ့လာရေးယာဥ်

//s9.kh1.co/cd/cd07ff777f3c0484522ff2382360426f28c6a155.jpg
နေ့စဉ်သတင်းများ

 ၁၉-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

အနီရောင်ဂြိုလ်ကြီးထဲမှာ ဖုန်မှုန့်တွေအရမ်းများပြီး အရမ်းလည်းထူပါတယ်

နာဆာကမားစ်ဂြိုလ်ပေါ်ကိုလွှတ်တင်ထားတဲ့ InSight Mars Lander ဟာမားစ်ဂြိုလ်ပေါ်က ရာသီဥတုပြဿနာတစ်ခုကြောင့် တွက်ထားတဲ့အချိန်ထက်ပိုစောပြီး ရပ်တန့်သွားတော့မှာပါ။ကြီးကြီးမားမားပြဿနာလို့မထင်ရတဲ့ ဖုန်မှုန့်တွေက စူးစမ်းလေ့လာရေးယာဥ်ကို ဒုက္ခကြီးကြီးပေးနေတာဖြစ်ပါတယ်။

InSight စူးစမ်းလေ့လာရေးယာဥ်
InSight စူးစမ်းလေ့လာရေးယာဥ်

ယာဥ်ကိုရပ်တန့်သွားစေတဲ့ အဓိကအကြောင်းကတော့ စွမ်းအင်စုဆောင်းပေးနေတဲ့ ဆိုလာပြားတွေကိုဖုန်မှုန့်တွေဖုံးသွားတာကြောင့်ပါ။ကမ္ဘာလေထုထဲမှာတောင်မှ ဖုန်မှုန့်တွေဟာ‌ နေရာတိုင်းမှာရှိကြပါတယ်။မာတိန်လေထုလို့ခေါ်တဲ့မားစ်ဂြိုလ်ရဲ့လေထုဟာဆိုရင် ကာဘွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ပြည့်နေကာ ကမ္ဘာ့လေထုထက်ပိုပေါ့လို့ ဖုန်တွေဟာအမြဲတမ်းလေပေါ်တက်နေတတ်ပါတယ်။လေထုထဲကဖုန်တွေကြောင့်ပဲ မားစ်ဂြိုလ်ကိုအနီရောင်ကြီးမြင်နေရတာပါ။အဲ့ဒါကြောင့်ပဲ စူးစမ်းလေ့လာရေးယာဥ်ပေါ်ကိုပါ ဖုန်တွေအမြဲတက်နေတာဖြစ်ပါတယ်။

မာတိန်လေထု
မာတိန်လေထု

လက်ရှိချိန်မှာ ယာဥ်ရဲ့စွမ်းအင်ထုတ်လုပ်နိုင်စွမ်းဟာ မားစ်ဂြိုလ်ပေါ်ကိုစရောက်ကာစ ထုတ်လုပ်နိုင်စွမ်းရဲ့ ဆယ်ပုံတစ်ပုံလောက်သာရှိပါတော့တယ်။စရောက်ကာစက တစ်နာရီကို ဝပ် ၅၀၀၀ လောက်ထုတ်နိုင်ပေမဲ့ခုတော့ တစ်နာရီကို ဝပ် ၅၀၀ သာထုတ်နိုင်ပါတော့တယ်။အရင်လွှတ်ခဲ့တဲ့ယာဥ်တွေမှာ လေတိုက်ပြီးဖုန်တွေသူ့ဘာသာလွင့်သွားတတ်ပေမဲ့ ဒီယာဥ်မှာတော့အဲ့လိုဖြစ်မလာပါဘူး။

ဖုန်တက်နေတဲ့ဆိုလာပြားများ
ဖုန်တက်နေတဲ့ဆိုလာပြားများ

စွမ်းအင်မလုံလောက်တော့တာကြောင့် မကြာခင်မှာ ယာဥ်ရဲ့စက်ရုပ်လက်မောင်းကို အသုံးပြုနိုင်တော့မှာဟုတ်တော့ပဲ နည်းနည်းသာထပ်ကြာရင် လည်ပတ်မှုလုံးဝရပ်တန့်သွားမှာဖြစ်ပြီး တခါတလေ လေသိပ်မပြင်းတဲ့ညအချိန်တွေမှာသာ စက်ဖွင့်နိုင်တော့မှာဖြစ်ပါတယ်။

ညအခါမှာမြင်တွေ့ရတဲ့ မားစ်ဂြိုလ်
ညအခါမှာမြင်တွေ့ရတဲ့ မားစ်ဂြိုလ်

ဒီယာဥ်ဟာ မားစ်ပေါ်မှာဖုန်ပြဿနာကြောင့် ရပ်တန့်သွားခဲ့တဲ့ ပထမဆုံးယာဥ်မဟုတ်ပါဘူး။၂၀၀၄ ခုနှစ်တုန်းကလည်း လေ့လာရေးယာဥ်တစ်စီးဟာ တစ်ဂြိုလ်လုံးပေါ်မှာတိုက်တဲ့ သဲမုန်တိုင်းကြီးနဲ့တွေ့ခဲ့ပြီး ဆိုလာပြားတွေကိုဖုန်တွေဖုံးသွားကာ လုံးဝအဆက်အသွယ်ပြတ်တောက်ခဲ့ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T