ပင်တဂွန်စစ်ဌာနချုပ်က ပန်းကန်ပြားပျံတွေတွေ့ရှိကြောင်း တရားဝင်ထုတ်ပြောလာ

//s9.kh1.co/f6/f6b57781f87b1c2008871e07206f7fb13d3c547b.jpg
နေ့စဉ်သတင်းများ

 ၁၈-မေ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

လွှတ်တော်ကြားနာမှုမှာ ပန်းကန်ပြားပျံတွေအကြောင်းကို တင်ပြပြောဆိုလာတာဖြစ်ပါတယ်

မေလ ၁၇ ရက်နေ့၊အင်္ဂါနေ့က အမေရိကန်လွှတ်တော်ရဲ့ကြားနာမှုမှာ အမေရိကန်စစ်ဌာနချုပ်ဖြစ်တဲ့ ပင်တဂွင်စစ်ဌာနချုပ်က ပန်းကန်ပြားပျံတွေတွေ့ရှိခဲ့ကြောင်းကို တင်ပြခဲ့ပါတယ်။ကောင်းကင်ပေါ်မှာတွေ့ရှိခဲ့တဲ့ အမျိုးအမည်မသိထူးခြားဖြစ်စဥ်များဆိုတဲ့အကြောင်းအရာအောက်မှာ ပန်းကန်ပြားပျံတွေအကြောင်းကို ထုတ်ဖော်လာခဲ့တာပါ။လတ်တလောအတွင်း အစိုးရကပန်းကန်ပြားပျံတွေနဲ့ပတ်သက်လို့ ထုတ်ပြောသမျှထဲမှာ အစောဆုံးကိစ္စရပ်ဖြစ်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ် (image via Wikipedia)
ပင်တဂွန်စစ်ဌာနချုပ် (image via Wikipedia)

အမေရိကန်လေတပ်ထောက်လှမ်းရေးရဲ့ဒါရိုက်တာဖြစ်သူ Scott Bray ကလည်း လက်ရှိချိန်မှာ လေယာဥ်ပိုင်းလော့တွေဟာ ပန်းကန်ပြားပျံဖြစ်ဖြစ်၊UFO ဆိုတဲ့အမျိုးအမည်မသိတဲ့အရာတစ်ခုကိုတွေ့တာနဲ့ ချက်ချင်းသတင်းပေးနိုင်ပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။အဲ့အပြင် ပန်းကန်ပြားပျံတွေကိုနားလည်ဖို့ကြိုးစားခြင်းဟာ အစိုးရရဲ့ကြိုးစားအားထုတ်မှုသက်သက်သာဖြစ်ကြောင်းကိုလည်း မှတ်ချက်ပေးခဲ့ပါသေးတယ်။

UFO တွေအကြောင်းပြောခဲ့တဲ့ လွှတ်တော်ကြားနာမှု

လက်ရှိချိန်မှာ UFO တွေတွေ့တယ်ဆိုပြီး စစ်တပ်ကိုသတင်းပို့ထားမှုပေါင်း လေးရာကျော်လောက်ရှိနေပြီလို့လည်းသိရပါတယ်။အဲ့လိုမျိုးသတင်းပေးမှုတွေကိုတင်ပြယုံမက ပန်းကန်ပြားပျံတွေလို့ခန့်မှန်းရတဲ့ Video တချို့ကိုလည်းပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b5/b5b7efea846991c9d5788cc070f13d0b343edbd7.png

တချို့ Video တွေဟာလေယာဥ်မှူးတွေ ပျံသန်းနေရင်းရိုက်မိထားတဲ့ Video တွေပါ။ပန်းကန်ပြားပျံတွေကို တြိဂံပုံတွေရော၊အဝိုင်းပုံတွေရော မျိုးစုံမြင်ရပေမဲ့ ခဏလေးဖြတ်ကနဲပဲမြင်လိုက်ရတာမျိုးပါ။

https://s9.kh1.co/__image/w=650,h=434,q=100/4c/4cf06af44ce90e43176dc7ba644352a831cbcad2.png

ဒါဟာနှစ်ငါးဆယ်အတွင်း အစိုးရဖက်ကပထမဆုံး ပန်းကန်ပြားပျံတွေအကြောင်းထုတ်ပြောလာတာဖြစ်ပါတယ်။အရင်တုန်းကလည်း ဟိုနေရာ၊ဒီနေရာမှာ ခဏခဏတွေ့တယ်ဆိုပြီး အမြဲတမ်းသတင်းထွက်ပေမဲ့ ဒီလိုမျိုးတရားဝင်ထုတ်ပြောလာတာမရှိခဲ့ပါဘူး။တွေ့ခဲ့သမျှပန်းကန်ပြားပျံတွေတစ်ခုခုနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ ဘာမှမသိရသေးဘူးလို့ပြောထားပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T