ဂြိုဟ်သိမ်တစ်ခုပေါ်က မိုင်ပေါင်း ၆၂ မိုင်လောက်ကျယ်ဝန်းတဲ့ ဂြိုလ်သားအာကာသစခန်း

//s9.kh1.co/92/920fea10cc4638068178c3d28a582c18a80f833b.png
ဗဟုသုတအဖြာဖြာ

 ၁၈-မေ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.


ကမ္ဘာဂြိုဟ်ရဲ့ အခြားတစ်ဖက်မှာ ကျွန်တော်တို့ မသိနိုင်နဲ့ ထူးခြားဆန်းကြယ်မှုများစွာ ပြည့်နှက်နေတယ်ဆိုတာ သင်သိပါသလား ...။ ဟုတ်ပါတယ် ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာရဲ့ အခြားတစ်ဖက်တွေမှာ တကယ့်ကို ထူးဆန်းလွန်းတဲ့ အရာဝထ္ထုတွေအပြင် ပညာရှင်တွေတောင် အဖြေရှာမရဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်ဆန်းတွေလည်း ရှိပါတယ်။ UFO Discovery သတင်းတစ်ပုဒ်မှာဆိုရင် ဥရောပအာကာသအေဂျင်စီ ESA မှ လျှို့ဝှက်သိမ်းဆည်းထားတဲ့ ဂြိုလ်သားအာကာသစခန်းအကြောင်းကို ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit - UFO Discovery
Photo Credit - UFO Discovery

ESA ရဲ့ ပြောဆိုချက်အရဆိုရင် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်နဲ့ နီးတဲ့ အင်္ဂါဂြိုဟ် နှင့် ဂျူပီတာဂြိုဟ်ကြားရှိ ဂြိုဟ်သိမ်ခါးပတ်ရဲ့ Lutetia အနီးရှိ နက်ရှိုင်းတဲ့ အာကာသအတွင်းမှာ မိုင်ပေါင်း ၆၂ မိုင်လောက်ကျယ်တဲ့ ဂြိုလ်သားအာကာသစခန်းတစ်ခုလို့ ယူဆရတဲ့အရာတစ်ခုကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ Lutetia ကို ၁၉၅၂ ခုနှစ်က Hermann Goldschmidt မှ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။

Photo Credit - UFO Discovery
Photo Credit - UFO Discovery

၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ ESA ရဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ် Rosetta ဟာ Lutetia အနီးအနားသို့ ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဂြိုဟ်ဟာ အာကာသစူးစမ်းလေ့လာရေးမှ သွားရောက်လည်ပတ်ခဲ့တဲ့ ပထမဆုံး M-Type ဂြိုဟ်သိမ်ဖြစ်ခဲ့ပါတယ်။ အဆိုပါဂြိုဟ်သိမ်ဟာ လွန်ခဲ့သောနှစ်ပေါင်း ၄ ဘီလီယံကျော်က နေအဖွဲ့အစည်း၏ ဂြိုလ်များအားလုံးကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ရှေးဦးဂြိုလ်များရဲ့ အငွေ့အသက်တစ်ခုဖြစ်ပါတယ်။ အဆိုပါကြီးမားတဲ့ အမည်မသိအရာဝတ္ထုကို ရှာဖွေတွေ့ရှိခဲ့တဲ့ သေးစိတ်အချက်အလက်များကို ဖော်ပြထားတဲ့ ရုပ်သံလေးကိုကြည့်ပြီး သင့်ရဲ့ ထင်မြင်ယူဆချက်ကိုလည်း ဖွင့်ဟပေးခဲ့ပါဦးနော်.....။


သတင်း အရင်းအမြစ်Source - UFO Discovery

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T