စားချင်သလောက်စားပြီး ပေးချင်သလောက်ပေးလို့ရတဲ့ သားသတ်လွတ်ထမင်းဆိုင်လေး စပ်တူ ဖွင့်လှစ်လိုက်တဲ့မေပန်းချီ

//s9.kh1.co/bd/bdfd7eadfc15030b2fd367167a4a7be94958dc0b.jpg
အနုပညာရှင်များ

 ၁၈-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

စားချင်သလောက်စား ပေးချင်သလောက်ပေးတဲ့ ... တန်လိုက်တာနော် ....

သိပ်ကို ချစ်စရာကောင်းတဲ့ မေပန်းချီဆိုတဲ့ မင်းသမီး သရုပ်ဆောင် ကိုသိကြမယ်လို့ထင်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/14/14cc4e9e2667cd247ca83434795a79dc1d88ed63.jpg

အရင်က ဇာတ်လမ်းတွေ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် အခုလို အနုပညာလုပ်ငန်းတွေ သိပ်မလုပ်ဖြစ်ကြတော့တဲ့အချိန်မှာ Live Sale လေးတွေလုပ်ရင်း စီးပွားရှာနေသူလေးပါနော်...

https://s9.kh1.co/__image/w=650,h=488,q=100/8b/8b6bf1e825fee48ea60e1620e0657a0467786775.jpg

အခုနောက်ပိုင်းဆိုရင် စိန်ဆိုင် ရွှေဆိုင်တွေနဲ့ အင်္ကျီဆိုင်တွေက သူ့ကို Live လွှင့်ဖို့ လာငှားကြပြီး သူကလည်း သူလက်ခံထားတဲ့ အလုပ်တိုင်းကို စိတ်ပါပါနဲ့ လုပ်ကိုင်ပေးသူတစ်ဦးလည်းဖြစ်ပါတယ်နော်...

https://s9.kh1.co/__image/w=650,h=867,q=100/73/73ec01b9e889135699f55f87df9c4b7932c8df24.jpg

မိသားစုကို လုပ်ကျွေးပြုစုနေသူပီပီ သမာအာဇီဝနဲ့ အလုပ်ကြိုးစားနေသူလေးဖြစ်သလို မိသားစုတင်မကပဲ အားနည်းနေတဲ့သူ ခွန်အားနည်းတဲ့သူ ဆင်းရဲနွမ်းပါးတဲ့သူတွေကိုပါ ကူညီပေးတတ်သူလေးပါ။

https://s9.kh1.co/__image/w=650,h=867,q=100/7b/7b8c0a77518fa1d885f6a3964a722fb12ead5893.jpg

အခုဆိုရင်လည်းသူနဲ့ မိုးမာန် ဆိုသူ အစ်ကိုတစ်ယောက်နဲ့ စုပေါင်းရင်းနှီးပြီး ကြိုက်သလောက်စား ပေးချင်သလောက်ပေးလို့ရတဲ့ သားသတ်လွတ်ထမင်းဆိုင်လေးကို ဖွင့်လှစ်ထားတယ်လို့သိရပါတယ်...

https://s9.kh1.co/__image/w=650,h=867,q=100/27/2787fe069fedf2a5333e013d720bdda52acb76fa.jpg

" ကျွန်တော် ရယ် ကျွန်တော့်ညီမမေပန်းချီရယ် ဖွင့်လှစ်ပြီး

ကျွန်တော်တို့မြန်မာ့စိတ်ရင်းပရဟိတ အဖွဲ့ဝင်များဝန်းရံသော

စားချင်သလောက်စား

ပေးချင်သလောက်ပေး သားသတ်လွတ်ထမင်းဆိုင်မှ

ရရှိသော ဟင်းလျာများပါခင်ဗျ

https://s9.kh1.co/__image/w=650,h=867,q=100/b2/b2b29b22d3b957be0cb438b1fe46354908956d71.jpg

ဆိုင်တည်နေရာ

တောင်ဒဂုံ ၅၆ရပ်ကွကိ ပုဂံလမ်းမကြီးပေါ်

ဝနဝါသီဘုန်းကြီးကျောင်းရှေ့

၇ ရက်သားသမီး စားသုံးနိုင်အောင်

share ပေးကြပါအုန်း" လို့ ရေးသားထားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/bb/bbe97ad987c1898b1669ec3e714309b0c686c70b.jpg

အခုလို တစ်နေ့တာ ဝမ်းစာအတွက် ခက်ခဲနေကြတဲ့သူတွေများတဲ့အချိန်မှာ ဒီလို ဆိုင်လေးဖွင့်ပေးထားတာက အရမ်းကို ကုသိုလ်ရသလို ပီတီဖြစ်စရာပါပဲနော်....

https://s9.kh1.co/__image/w=650,h=867,q=100/b6/b636df571c458ff8103e5be5fb558c03d82ee7cf.jpg

သူတို့ဆိုင်လေးရောင်းကောင်းပါစေ... ခုနှစ်ရက်သားသမီးလည်း ဝမ်းဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...

https://s9.kh1.co/__image/w=600,h=450,q=100/82/82ef3e00cbe7371d94201d056eb17a6dfddf80a0.jpg

Source from Moe Marn

Photos credit from Facebook

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T