လယ်သမားတစ်ဦး မထင်မှတ်ဘဲတွေ့ရှိခဲ့တဲ့ ကြေးခေတ်က ဂူသင်္ချိုင်း

//s9.kh1.co/6f/6f836286f6375f9804b92cd7ef7c8448058b31ba.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.


အိုင်ယာလန်အနောက်တောင်ပိုင်း Dingle Peninsula မှာ နှစ်ထောင်ပေါင်းများစွာက လျှို့ဝှက်ဆန်းကြယ်တဲ့ မပျက်မစီးသေးတဲ့ ‌ရှေးဟောင်း သင်္ချိုင်းဂူကို ရှာဖွေတွေ့ရှိခဲ့ဘူးပါတယ်။ အဆိုပါ ‌ရှေးဟောင်း သင်္ချိုင်းဂူကို လယ်သမားတစ်ဦးမှ ကျောက်တုံးကြီးတစ်တုံးကို တူးဖော်ခဲ့ရာကနေ မထင်မှတ်ဘဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဂူအတွင်းမှာလည်း လူအရိုးစုနှင့် အဖိုးတန် အသုံးအဆောင်အချို့ကို တွေ့ရတာကြောင့် ဒါဟာ သေဆုံးသူကို တခမ်းတနားသင်္ဂြိုဟ်ပေးထားတာကို ထောက်ပြနေခဲ့ပါတယ်။  

Photo Credit – Ancient Archaeology
Photo Credit – Ancient Archaeology

National Monuments Service နှင့် Ireland အမျိုးသားပြတိုက်မှ ရှေးဟောင်းသုတေသနပညာရှင်များကတော့ အဆိုပါသင်္ချိုင်းဟာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ မှ ၄၀၀၀ ဝန်းကျင်ခန့် ကြေးခေတ်ကဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် ဒီသင်္ချိုင်းက ကြေးခေတ်သင်္ချိုင်းအများစုနှင့် လုံးဝမတူဘဲ ပိုပြီးခေတ်နောက်ကျနိုင်တယ်လို့လည်း ဆိုပါတယ်။ အုတ်ဂူအဝင်ဝ အနီးရှိ ကပ်လျက်မှာလည်း အခန်းခွဲတစ်ခုအား ရှာဖွေတွေ့ရှိရသလို လူအရိုးစု အပိုင်းအစများကိုလည်း တွေ့ခဲ့ရပါတယ်။

Photo Credit – Ancient Archaeology
Photo Credit – Ancient Archaeology
Photo Credit – Ancient Archaeology
Photo Credit – Ancient Archaeology

ထိုသင်္ချိုင်းဂူများဟာ အများအားဖြင့် 'သပ်သင်္ချိုင်း' များဖြစ်ပြီး တစ်ဖက်စွန်းတွင် ကျဉ်းမြောင်းပြီး မြေပြင်အထက်ကိုလည်း ပြူးထွက်နေပါတယ်။ သပ်ဂူသင်္ချိုင်းအများစုဟာ အနောက်ဘက်နှင့် အနောက်တောင်ဘက်သို့ မျက်နှာမူထားကြောင်း သီအိုရီအရ လနေချိန်ညှိမှုများ ကို သရုပ်ဖော်ထားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဆိုပါ လျှို့ဝှက်ဆန်းကြယ်တဲ့ သင်္ချိုင်းဂူကို  အနာဂတ်လေ့လာမှုအတွက် ထိန်းသိမ်းထားဖို့ သီးသန့်ထားရှိထားကြောင်း သိရပါတယ်။

Photo Credit – Ancient Archaeology
Photo Credit – Ancient Archaeology

သတင်း အရင်းအမြစ်Source - Ancient Archaeology


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T