ရုရှား-ယူကရိန်းစစ်ပွဲအတွက် Message တစ်ခုကိုကောင်းကင်ပေါ်မှာရေးဆွဲပြခဲ့သူ

//s9.kh1.co/8c/8cf6d60df02524f52fd76087f340c91690d9b43f.avif
နေ့စဉ်သတင်းများ

 ၁၈-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ပိုလန်ပိုင်းလော့တစ်ယောက်က ကောင်းကင်ပေါ်မှာ သူ့စကေးတွေကိုပြသခဲ့တာဖြစ်ပါတယ်

ပြီးခဲ့တဲ့ရက်ပိုင်းက ပိုလန်လေယာဥ်မှူးတစ်ယောက်ဟာ ယူကရိန်း-ရုရှားစစ်ပွဲနဲ့ပတ်သက်တဲ့ Message တစ်ခုကိုလှလှပပပြသခဲ့ပါတယ်။Tecnam P2008 JC လေယာဥ်လေးကိုမောင်းနှင်ခဲ့တဲ့ ပိုင်းလော့က လေယာဥ်မောင်းစကေးကိုပြသရင်း ကောင်းကင်ပေါ်မှာစာရေးခဲ့တာပါ။

Tecnam P2008 JC
Tecnam P2008 JC

သူရေးခဲ့တဲ့စာလေးကလည်း ခပ်ဆန်းဆန်းပါပဲ။ “Make Beer,Not War” ပါတဲ့၊နောက်မှာအသဲပုံလေးတောင်ထည့်ပေးထားပါသေးတယ်။စစ်မတိုက်ပဲ ဘီယာတွေပဲချက်ကြပါဆိုတဲ့အဓိပ္ပါယ်ပါ။ထုတ်ပြောထားတာတော့မရှိပေမဲ့ လက်ရှိဖြစ်နေတဲ့ရုရှား-ယူကရိန်းစစ်ပွဲကိုရည်ရွယ်တာကတော့သေချာပါတယ်။ရုရှားကိုရည်ရွယ်တာဆိုရင်တော့ ဘီယာချက်လို့မပြောပဲ ဗော်ကာလုပ်လို့ပြောရင်ပိုမှန်မှာပါ။

ပျံသန်းခဲ့တဲ့လမ်းကြောင်းနဲ့ စာရေးခဲ့ပုံ
ပျံသန်းခဲ့တဲ့လမ်းကြောင်းနဲ့ စာရေးခဲ့ပုံ

ပိုင်းလော့ဟာ ဒီစာကိုရေးသားဖို့ကောင်းကင်ပေါ်မှာ လေးနာရီလောက်ပျံသန်းခဲ့ရပြီး စာလုံးကိုရေးဆွဲဖို့တော့ နှစ်နာရီခွဲလောက်အချိန်ယူခဲ့ရပါတယ်တဲ့။Raderflight ဝက်ဆိုဒ်ရဲ့ဖမ်းယူရရှိချက်အရ လေယာဥ်ဟာ အမြင့်ပေ ၄၀၀၀ ကျော်မှာ တစ်နာရီကို ၁၄၂ မီတာနှုန်းနဲ့ပျံသန်းနေခဲ့တာပါ။ပိုင်းလော့ဘယ်သူလဲဆိုတာကိုတော့ မသိရပေမဲ့ စာလုံးပုံစံတွေဟာ အချိုးအစားကျလွန်းလို့ တော်တော်လေးစကေးမြင့်တဲ့ ပိုင်းလော့ဆိုတာတော့ခန့်မှန်းကြည့်နိုင်ပါတယ်။

https://s9.kh1.co/__image/w=620,h=620,q=100/36/36eb46680122a55e2b1164369c4dde1788cd31b8.png

ဒီစာကိုပိုလန်နိုင်ငံအနောက်ပိုင်းနား ကောင်းကင်ပေါ်မှာရေးဆွဲခဲ့တာပါ။ယူကရိန်းကပိုလန်ရဲ့အရှေ့ဖက်မှာရှိနေတာဖြစ်တဲ့အတွက် ဆန့်ကျင်ဖက်ဖြစ်နေပေမဲ့လည်း အဓိကသူပေးချင်တဲ့ Message ကတော့တစ်ကမ္ဘာလုံးကိုပျံ့နှံ့သွားခဲ့ယုံတင်မကပဲ Make Beer,Not War ဆိုတဲ့စကားလုံးဟာ ယူကရိန်းကျူးကျော်မှုမှာအရေးနိမ့်နေတဲ့ ရုရှားတွေကိုလှောင်ပြောင်တဲ့စကားအဖြစ်ပါ နာမည်ကြီးနေပါပြီ။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T