အိန္ဒိယမှာ ရေလွှမ်းမိုးမှုများ ဖြစ်ပြီး လူသေဆုံးမှုများဖြစ်ပေါ်

//s9.kh1.co/26/26c3b5fffb9ce9c8a4d23d1b478ac9ab1e462173.jpg
နေ့စဉ်သတင်းများ

 ၁၈-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်မှာ လတ်တလော မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းဒေသများနှင့် လမ်းများဘေးများမှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ အာဏာပိုင်များက မေ ၁၅ ရက်နေ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Photo Credit - Diario del Pueblo en linea
Photo Credit - Diario del Pueblo en linea
Photo Credit - Diario del Pueblo en linea
Photo Credit - Diario del Pueblo en linea

ရေကြီးမှုကြောင့် ခရိုင် ခုနစ်ခုမှာ ရေဘေးသင့်ခဲ့ပြီး လူသုံးဦးသေဆုံးကာ လူ ၅၇,၀၀၀ ခန့် ရေဘေးသင့် ဒေသတွင်းမီဒီယာများက ဖော်ပြထားပါတယ်။ ဒါ့အပြင် နေရာအများအပြားမှာလည်း လမ်း၊ တံတားများနှင့် ရေပေးဝေရေးလိုင်းများစွာလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - Diario del Pueblo en linea
Photo Credit - Diario del Pueblo en linea

လက်ရှိမှာတော့ ရေဘေးသင့်ခဲ့တဲ့ နေရာတွေကို အစိုးရက ကူညီကယ်ဆယ်ရေး ကြိုးစားပမ်းစားလုပ်ဆောင်ပေးနေတယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်။ အာဆမ်ပြည်နယ်မှာ ရေကြီးမှုဟာ မိုးရာသီကာလတွေမှာ နှစ်စဉ်ရေကြီးမှုများ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ သိရပါတယ်။

Photo Credit - Diario del Pueblo en linea
Photo Credit - Diario del Pueblo en linea

သတင်း အရင်းအမြစ်Source - Diario del Pueblo en linea

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T