လူပေါင်း ၁၃၂ ဦး သေဆုံးခဲ့တဲ့ တရုတ်လေယာဥ် ပျက်ကျမှုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဟုဆို

//s9.kh1.co/ef/ef740843c5fce916cb1cc008e3e1980fd09fbbc9.jpg
နေ့စဉ်သတင်းများ

 ၁၈-မေ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.

လူပေါင်း ၁၃၂ ဦး သေဆုံးခဲ့သည့် China Eastern လေကြောင်းလိုင်း လေယာဉ် ပျက်ကျမှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုကြောင့် အမေရိကန် တာဝန်ရှိသူများက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ Boeing 737-800 ခရီးသည်တင်လေယာဉ်ဟာ မတ် ၂၁ ရက်က ကူမင်းမြို့မှ ကွမ်ကျိုးသို့ ပျံသန်းလာစဉ် တရုတ်နိုင်ငံ၊ ကွမ်ရှီးမြို့ရှိ တောင်တန်းဒေသတစ်ခုအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်ပါတယ်။ ယင်းလေယာဥ်ပျက်ကျမှုမှာ ခရီးသည် ၁၂၃ ဦးနှင့် အမှုထမ်း ကိုးဦးစလုံး သေဆုံးခဲ့ပါတယ်။

Photo Credit - ABC NEWS
Photo Credit - ABC NEWS

စုံစမ်းစစ်ဆေးသူများက လေယာဉ်မှူးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဘဝနှင့် နောက်ခံသမိုင်းကြောင်းကို စစ်ဆေးခဲ့ပြီး လေယာဉ်ပျက်ကျမှုမတိုင်မီ အချို့သောကိစ္စရပ်များ ဖြစ်ခဲ့ကြောင်း ယုံကြည်ထားကြပါတယ်။ ဆိုလိုတာက အဆိုပါလေယာဥ်ဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်မဟုတ်ဘဲ လေယာဥ်မှူးတစ်ယောက်ရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit - ABC NEWS
Photo Credit - ABC NEWS

ပထမဆုံး black box ဖြစ်တဲ့ လေယာဉ်မှူးခန်း အသံဖမ်းစက်ကို မတ်လ ၂၃ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့ပြီး လေယာဉ်ပျံသန်းမှု အချက်အလက် အသံဖမ်းစက်ကို မတ်လ ၂၇ ရက်နေ့မှာ ထပ်မံ တွေ့ရှိခဲ့ပါတယ်။ အစောပိုင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ အချက်အလက်များအရ လေယာဉ်သည် ပေ ၂၉,၀၀၀ မှ ပေ ၈,၀၀၀ ကထိုးချမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ယခုသတင်းရဲ့ အတည်ပြုချက်ကိုတော့ Wall Street Journal က ပထမဆုံး ဖော်ပြလာတာ ဖြစ်ပါတယ်။

Photo Credit - ABC NEWS
Photo Credit - ABC NEWS

သတင်း အရင်းအမြစ်Source - ABC NEWS

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T