တိုက်တန်းနစ် သင်္ဘောထက်တောင် ပိုရှည်တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး အပျော်စီးသင်္ဘောကြီး

//s9.kh1.co/03/0353297a443ad7a05b0e79f9530a1e656c98dc61.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-မေ-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

.

Allure of the Seas လို့အမည်ရတဲ့ သင်္ဘောကြီးဟာ ကမ္ဘာမှာ ဒုတိယအကြီးဆုံး ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးတစ်စင်းပဲ ဖြစ်ပါတယ်။ ဒီသင်္ဘောကြီးဟာ ၂၀၀၆ ခုနှစ်က ပြင်သစ်နိုင်ငံမှာ Royal Caribbean Cruises Ltd ကုမ္ပဏီကနေ တာ၀န်ယူ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်ကတော့ စုစုပေါင်း ၁.၂ ဘီလီယံလောက် ကုန်ကျခဲ့ပါတယ်။

Photo Credit- From Google
Photo Credit- From Google
Photo Credit- From Google
Photo Credit- From Google

သင်္ဘောကြီးရဲ့ အရှည်ဟာ ပေးပေါင်း ၁၁၈၇ ရှိတာကြောင့် ဒါဟာ တိုက်တန်းနစ် သင်္ဘောထက် ပေပေါင်း ၃၀၀ ကျော်ပိုရှည်တယ်လို့ ပြောလို့ရပါတယ်။ အထပ်ပေါင်း ၁၈ ထပ်ပါတဲ့ ဒီသင်္ဘောကြီးထဲမှာတော့ သစ်ပင်ပေါင်းများစွာ စိုက်ပျိုးထားသလို စားသောက်ဆိုင် ၁၆ ဆိုင် ၊ စျေး၀ယ်စင်တာများ၊ ဆေးရုံ ၊ အပန်းဖြေ ပန်းခြံ ၊ လေယာဥ် ရပ်နားကွင်း နှင့် အားကစားကွင်းလည်း ပါရှိပါတယ်။

Photo Credit- From Google
Photo Credit- From Google
Photo Credit- From Google
Photo Credit- From Google

ဒါ့အပြင် ထိုင်ခုံပေါင်း ၁၃၈၀ ပါ၀င်တဲ့ နှစ်ထပ်ပြဇာတ်ရုံတွေအပြင် ရုပ်ရှင်လည်းပါရှိပါတယ်။ သင်္ဘောကြီးပေါ်မှာ ခရီးသည် စုစုပေါင်း ၆၂၉၆ ဦးထိ လိုက်ပါစီးနင်းနိုင်ပါတယ်။ ဒီလိုကျယ်ဝန်းလှပြီး အခန်းပေါင်း မြောက်များစွာရှိတာကြောင့် ကိုယ့်အခန်းကို လိုက်ရှာဖို့တောင် GPS ကို သုံးရတယ်လို့ ဆိုကြပါတယ်။

Photo Credit- From Google
Photo Credit- From Google
Photo Credit- From Google
Photo Credit- From Google

Allure of the Seas သင်္ဘောကြီးဟာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ စတင်ရွက်လွှင့်လိုက်တာဖြစ်ပြီးနောက် ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်သင်္ဘောကြီး ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကတော့ Allure of the Seas သင်္ဘောကြီးက ညီမဖြစ်သူ Harmony of the Seas ဖြင့် တိုက်မိမှုဖြစ်ခဲ့ပါသေးတယ်။ Harmony of the Seas ကတော စုစုပေါင်းအရှည် ၃၆၂.၁၂ မီတာ (၁၁၈၈.၁ ပေ) အထိရှိပါတယ်။ Allure နှင့်  Oasis of the Seas သင်္ဘော နှစ်စင်းလုံးဟာ သိမ့်မကွာပေမယ့် သတ်မှတ်ချက်တစ်ခုတည်းဖြင့် တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit- From Google
Photo Credit- From Google

သတင်း အရင်းအမြစ်Source - Wikipedia/ Thuta Zone

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T