ကိုယ်ဝန်ရင့်မာကြီးနဲ့ ပုံရိပ်လေးကို ပရိသတ်တွေဆီ ဝေမျှပေးလာတဲ့ တောင်ကိုရီးယား မင်းသမီး Park Shin-hye

//s9.kh1.co/c9/c99455c4765dc81a5c1bb67df54b27cdb1100959.jpeg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

ကိုယ်ဝန်ရင့်မာကြီးနဲ့ ပုံရိပ်လေးကို ပရိသတ်တွေဆီ ဝေမျှပေးလာတဲ့ တောင်ကိုရီးယား မင်းသမီး Park Shin-hye

တောင်ကိုရီးယာ မင်းသမီး Park Shin-hye  ဟာဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီ လကမှ သူမချစ်ရတဲ့ ခင်ပွန်းနဲ့လက်ထက်ထားတာ ဖြစ်ပါတယ်။ 

Google
Google

Park Shin Hye က ဇန်နဝါရီလ ၂၃ ရက်နေ့က လက်ထပ်ခဲ့တာ ဖြစ်ပြီးလက်ထပ်ပွဲ မဆင်နွှဲခင်ကတည်းက ကိုယ်ဝန်ရှိနေတာ ဖြစ်ပါတယ်။

Google
Google

 အခုဆိုရင်သူမရဲ့ ကိုယ်ဝန်က ၆ လကျော် ၇ လနီးပါးလောက်ရှိနေပါပြီ။ Park Shin Hye က သူမရဲ့ တစ်နေ့တာ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ မကြာသေးမီက လည်း Park Shin Hye က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ကြောင်လေးနဲ့ အတူ ရိုက်ကူးထားတဲ့ ပုံလေး တစ်ပုံ တင်ပေးခဲ့ပါတယ်။

Google
Google

မမ Park Shin Hye က အရင်ကတည်းက ကြောင် ချစ်တတ်တဲ့သူပါ။ အခု ကိုယ်ဝန်ဆောင်ချိန်မှာလည်းကြောင်လေးတွေကို ချစ်တာဆိုတော့ သူမရဲ့ ရင်သွေးလေးက အရမ်းကို နူးညံ့ပြီး ချစ်စရာလေး ဖြစ်နေမှာပါနော်။ ဓာတ်ပုံလေးထဲမှာ မမ Park Shin Hye က မျက်နှာလေး နည်းနည်း အစ်နေပေမယ့် အရမ်းကို ချစ်ဖို့ကောင်းနေပါတယ်နော်။ 

Instagram 
Instagram 

တောင်ကိုရီးယားမင်းသမီး Park Shin-hye နဲ့ တောင်ကိုရီးယားမင်းသား Choi Tae-joon တို့ဟာ အချင်းချင်း ချစ်ကြခင်ကြ ကြိုက်နှစ်သက်ကြရင်း ဒီနှစ်  ဇန်နဝါရီလကမှ လက်ထပ်ထားကြတာဖြစ်ပါတယ်။

Google
Google

မင်္ဂလာပွဲ ဆင်နွှဲခဲ့ချိန်မှာလည်း မမ Park Shin Hye မှာ ပထမဦးဆုံး ရင်သွေးလေး ကိုယ်ဝန်လွယ်ထားရပြီပဲ ဖြစ်ပါတယ်။ မမ Park Shin Hye ရဲ့ တစ်သွေးလှနေတဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလဓာတ်ပုံ လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T