စားနပ်ရိက္ခာ ပြတ်လပ်ပြီး အငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန်

//s9.kh1.co/04/0495ae056fb2c40571a0436b6f474c55c923b584.jpg
နေ့စဉ်သတင်းများ

 ၁၇-မေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

အာဖဂန်နစ္စတန်နိုင်ငံရဲ့ နေရာဒေသတချို့တွေမှာ စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ကပ်ဘေးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ယခုသီတင်းပတ်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆုံးပေါ် စားနပ်ရိက္ခာ ဖူလုံရေး အဆင့် ခွဲခြားမှုအရ အာဖဂန်နစ္စတန်ရဲ့ စုစုပေါင်း လူဦးရေရဲ့ ၄၇ ရာခိုင်နှုန်းဟာ ဆိုးဝါးလှတဲ့ ငတ်မွတ်မှုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

Photo Credit - Panda Paws
Photo Credit - Panda Paws
Photo Credit - Panda Paws
Photo Credit - Panda Paws

တရုတ်နိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအတွင်း အာဖဂန်နစ္စတန်သို့ စားနပ်ရိက္ခာတန်ချိန် ၆၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ပြီး ရိက္ခာငါးသုတ် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အာဖဂန်လူမျိုး သန်း ၂၀ နီးပါးအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုဟာ အသက်သွေးကြော ဖြစ်နေဆဲပါ။ အာဖဂန်နစ္စတန်ဟာ စားနပ်ရိက္ခာ အကျပ်အတည်းကို ရှောင်ရှားရန် အနည်းဆုံး ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ လိုအပ်နေတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။

Photo Credit - Panda Paws
Photo Credit - Panda Paws

နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများထံမှ အမေရိကန်မှာ ပိတ်ဆို့ခံထားရသည့် အာဖဂန်နစ္စတန်ရဲ့ ဒေါ်လာ ၁၀ ဘီလီယံနီးပါးရှိပါတယ်။အာဖဂန်နစ္စတန်ဟာ အဆက်မပြတ်မိုးခေါင်မှုနှင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ စီးပွားရေးအကျပ်အတည်းတွေကြောင့် ကြီးမားတဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေကို ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

Photo Credit - Panda Paws
Photo Credit - Panda Paws

သတင်း အရင်းအမြစ်Source - Panda Paws

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T