ယနေ့ခေတ် တွေ့ရဖို့မဖြစ်နိုင်တော့တဲ့ ရှေးဟောင်း လျှပ်စစ်ထရန်စဖော်မာ

//s9.kh1.co/e3/e340da292ffab9bcba61281c171aa48676bd5f37.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ကျွန်တော်တိုတွေ အသုံးပြုနေတဲ့ နည်းပညာတွေဟာ ဘယ်အချိန်ကနေ လူသားတွေဖန်တီးခဲ့တာလဲဆိုတာ သိချင်မိပါတယ်။ အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အဆိုအရတော့ နည်းပညာဖန်တီးမှုတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀၀ မှစတင်ခဲ့တဲ့ လူသားတွေရဲ့ ယဉ်ကျေးမှုများကနေ စပြီး ဖန်တီးတည်ဆောက်ခဲ့တာလို့ သူကိုယ်တိုင်ယုံကြည်ထားခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - UFO DISCOVER
Photo Credit - UFO DISCOVER

ဒါပေမယ့် ရှေးခေတ်သိပ္ပံနည်းပညာရှင်ရဲ့ အံ့ဖွယ်ကောင်းလောက်အောင် လုပ်ဆောင်ခဲ့တဲ့ ဖန်တီးမှုတွေက ယနေ့ခေတ်ရဲ့ ဖန်းတီးမှုတွေနဲ့ မတူတော့ပါဘူး။ ကိုဆိုဗိုတောင်တန်းများပေါ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးခေတ်က လျှပ်စစ်ထရန်စဖော်မာကို သင့်မြင်တွေ့လိုက်ရင်တော့ အံ့အားသင့်မယ်လို့ ထင်မိပါတယ်။ ဒီလျှပ်စစ်ထရန်စဖော်မာက ကျောက်နဲ့ ပြုလုပ်ထားတာဖြစ်လို့ နှစ်သန်းပေါင်း ၂၀၀၀၀ လောက်သက်တမ်းရှိမယ်လို့ ပညာရှင်များက ဆိုပါတယ်။

Photo Credit - UFO DISCOVER
Photo Credit - UFO DISCOVER

သေချာတာကတော့ ယနေ့ထွက်ရှိလာတဲ့ လျှပ်စစ် စက်ပစ္စည်းကို ကြည့်ပြီး ၂၀၀၀ ခုနှစ်များလောက်က လူတစ်ယောက်ယောက်ကို ပေးလိုက်မယ်ဆိုရင် အဲဒါကို ဂြိုလ်သားနည်းပညာအဖြစ် မြင်ကြမယ်လို့ ယူဆမိပါတယ်။ ယနေ့ခေတ်မှာလည်း ဒီလိုစက်ပစ္စည်းမျိုးဟာ တွေ့ရဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ ရှေးဟောင်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။

Photo Credit - UFO DISCOVER
Photo Credit - UFO DISCOVER
Photo Credit - UFO DISCOVER
Photo Credit - UFO DISCOVER

သတင်း အရင်းအမြစ်Source - UFO DISCOVER

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T