ကမ္ဘာအနှံ့ သီးခြားကြီးပြင်းလာတဲ့ အမြွှာအတွဲတစ်တွဲရဲ့ လေ့လာမှုတစ်ခုအရ တည်နေရာဟာ ဉာဏ်ရည်ဉာဏ်သွေးအပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မွေးဖွားခဲ့တဲ့ အမြွှာမိန်းကလေးငယ်လေးနှစ်ယောက်ဟာ သူတို့အနက်မှ တစ်ဦး ဈေးတစ်ခုတွင် ပျောက်ဆုံးသွားချိန် နှစ်နှစ်သားအရွယ်ပဲရှိသေးကာ အဲ့ချိန်ကတည်းက လမ်းခွဲခဲ့ကြရပါတယ်။ ပျောက်ဆုံးနေတဲ့သမီးလေးအား ရှာဖွေရန် မိဘများက မေတ္တာရပ်ခံခဲ့ပေမယ့်လည်း ကလေးမလေးဟာ မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့်မရခဲ့ဘဲ နောက်ဆုံးတွင် အမေရိကန်မှ စုံတွဲတစ်တွဲက မွေးစားခဲ့ကြပါတယ်။
အမေရိကန်မြေတွင် ကြီးပြင်းလာသူ အမြွှာဟာ 2018 ခုနှစ်အထိ ပျောက်ဆုံးသွားတဲ့ မိသားစုဝင်များ ပြန်လည်ပေါင်းစည်းရန် ရည်ရွယ်တဲ့ တောင်ကိုရီးယား အစီအစဉ်တစ်ခုကို သူမရဲ့ DNA ပေးပို့ခဲ့ချိန်အထိ သူမတွင် မောင်နှမတစ်ဉီးမျှ ရှိသည်ကို လုံးဝ သတိမထားမိခဲ့ပါဘူး။ 2020 ခုနှစ်မှာတော့ သူမမှာ အမြွှာလေးတင်မကဘဲ အကိုကြီးနဲ့ ညီမလေးတစ်ယောက်လည်း ရှိတာကို တွေ့ရှိခဲ့ပါတယ်။ အမြွှာများ နောက်ဆုံး ပြန်လည်ဆုံတွေ့တဲ့အခါတွင် သူတို့ရဲ့ ဉာဏ်ရည်၊ စိတ်ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ရာဇဝင်တို့ကို အကဲဖြတ်ရန် ဒီဇိုင်းထုတ်ထားတဲ့ စမ်းသပ်မှု ဆက်တိုက်ပြုလုပ်ခဲ့ရာ အမွှာများကို အံ့ဩဖွယ်ရာ လေ့လာတွေ့ရှိခဲ့ပါတယ်။
မယုံနိုင်လောက်အောင်ပင် ကိုးရီးယားမှ မွေးဖွားလာတဲ့ အမြွှာဟာ သိသိသာသာ IQ မြင့်မားပြီး သူ့အစ်မထက် 16 မှတ် သာနေခဲ့ပါတယ်။ အမြွှာတွေဖြစ်ပေမယ့်လည်း နေထိုင်ရာဒေသ မတူတော့ အမှတ်ကကွာနေခဲ့ပါတယ်။ Personality and Individual Differences ဂျာနယ်တွင် ထုတ်ဝေတဲ့ လေ့လာမှုရဲ့ တွေ့ရှိချက်ဟာ အမွှာများကြား IQ အမှတ် ခုနစ်မှတ်ထက် မပိုဘူးဆိုတာနဲ့ ပတ်သက်တဲ့ ယခင်သုတေသနနှင့် ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ သုတေသီများက IQ ကွာခြားမှုဟာ ပထဝီဝင်တည်နေရာ ခြားနားချက်နှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ကောက်ချက်မချနိုင်ပေမယ့်လည်း အမြွှာများတွင် မွေးဖွားလာမှုကို အထောက်အကူဖြစ်စေနိုင်တဲ့ အလွန်ကွဲပြားခြားနားမှုရှိပါတယ်။
အမေရိကန်ပြည်ထောင်စုတွင် ကြီးပြင်းလာတဲ့ အမြွှာကောင်မလေးဟာ သူ့ဘဝတစ်လျှောက်လုံး ထိတ်လန့်မှု သုံးခုကို ခံစားခဲ့ရပြီး ဒါဟာ မှတ်ဉာဏ်စွမ်းရည်ကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ ကိုရီးယားတွင် ကြီးပြင်းလာတဲ့ အမြွှာကောင်မလေးဟာ ပျော်ရွှင်ပြီး လိုက်လျောညီထွေရှိတဲ့ အိမ်တွင် ကြီးပြင်းလာကာ အမေရိကန်အခြေစိုက် အမြွှာကလေးမှာ ပိုပြီး တုန်လှုပ်ချောက်ချားတဲ့ ကလေးဘဝ ရှိခဲ့ပါတယ်။ သူမဟာ မိသားစုကိုဆုံးရှုံးခဲ့ရကာ အသစ်တစ်ခုကိုတွေ့ရှိခဲ့ပြီး သူမရဲ့အိမ်သစ်တွင် ပဋိပက္ခများကြောင့် သူမရဲ့မွေးစားမိဘများဟာ နောက်ဆုံးတွင် ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ဒီလိုကွဲပြားမှုများရှိပေမယ့်လည်း သူတို့နှစ်ဦးဟာ မိမိကိုယ်ကိုလေးစားမှုနှင့် စိတ်ကျန်းမာရေးပရိုဖိုင်များအတွက် တူညီသောရမှတ်များရှိပါတယ်။
သုတေသီများက 'အမွှာများရဲ့ ကိုယ်ရည်ကိုယ်သွေး အလုံးစုံဖွဲ့စည်းပုံဟာ အရွယ်ရောက်ပြီးသူရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် အလယ်အလတ်မျိုးရိုးဗီဇလွှမ်းမိုးမှုများဆိုင်ရာ စာပေများနှင့် ကိုက်ညီပါတယ်'၊ "ထင်ရှားသည်မှာ အမွှာနှစ်ယောက်စလုံးဟာ ရည်ရွယ်ချက်ရှိရှိ ကောင်းမွန်စွာဖွဲ့စည်းထားကာ တာဝန်ကျေပြီး အောင်မြင်မှုရရှိရန် ကြိုးစားနေကြခြင်းဖြစ်ပါတယ်" လို့ သုတေသနစာတမ်းတွင် ဖော်ပြထားပါတယ်။ သူတို့ရဲ့ ကြီးပြင်းလာမှုတွင် မတူညီပေမယ့်လည်း ညီအစ်မနှစ်ဦးတွင် တူညီတဲ့ ကိုယ်ရည်ကိုယ်သွေးများ၊ တန်ဖိုးထားမှုများနှင့် ဘဝရဲ့ချဉ်းကပ်ပုံများ ရှိကြောင်း၊ မျိုးရိုးဗီဇဟာ ကိုယ်ရည်ကိုယ်သွေးအပေါ် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း မီးမောင်းထိုးပြခြင်းဖြစ်ပါတယ်။ ဒီတော့ မေးခွန်းအတွက် ဒါဟာ သဘာဝပဲလား ပြုစုပျိုးထောင်ခြင်းလား? ဒီလို IQ မတူတာဟာ ပညာရှင်တွေ ဖော်ထုတ်နေတုန်းပါပဲ။
သတင်း အရင်းအမြစ်៖ Ladbible