ကမ္ဘာပေါ်မှာ အကောင်ရေ ၅၀၀ ခန့်သာကျန်တော့တဲ့ ရှားပါးပန်းရောင်ခိုကို တွေ့ရှိ

//s9.kh1.co/0a/0a7db38b28e6c5c960d0335bab5068e454908fd9.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

သူမဟာ တွေ့တွေ့ချင်းမှာ တခြားဟာလို့ပဲထင်နေခဲ့ပြီး........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ပန်းရောင်ခိုကလေးဟာ ပြတင်းပေါက်အပြင်ဘက်သို့ ဆင်းသက်ပြီးနောက် အမျိုးသမီးတစ်ဦးဟာ အရာဝတ္ထုများကို မြင်နေရတယ်လို့ပဲ ထင်ခဲ့ပါတယ်။ အသက် ၃၇ နှစ်ရှိ Kelly Lunney ဟာ လွန်ခဲ့တဲ့အပတ် ကြာသပတေးနေ့တွင် သူမမိခင်ရဲ့အိမ်သို့ အလည်အပတ်ရောက်ရှိနေခဲ့ပြီး အများပိုင်ဥယျာဉ်တွင် နီယွန်ငှက်ကို တွေ့လိုက်ရပါတယ်။ ဒီငှက်ဟာ ဆေးဆိုးထားတယ်လို့ သီအိုရီအချို့ရှိ‌ေပမယ့်လည်း ဒီလိုငှက်ကို Mauritius တွင် အများအားဖြင့် တွေ့ရလေ့ရှိတဲ့ Nesoenas Mayeri ပန်းရောင်ခိုတစ်မျိုးဖြစ်ကြောင်း သူမယုံကြည်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/ac/ac2c56ff5c918707181254a038ea3fe8ca9848cf.jpg
https://s9.kh1.co/__image/w=257,h=196,q=100/4b/4bf562734bab69a738679b44d267d1ca22bc1572.jpg

ဒီလိုငှက်များတွင် မက်မွန်ရောင် ရင်သားနှင့် အမွေးများ၊ သံချေးရောင် အမြီးနှင့် ပန်းရောင်နက် နှုတ်သီးတို့ ရှိပြီး ကမ္ဘာပေါ်တွင် အကောင် ၅၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း Mirror ရဲ့ အဆိုအရ သိရှိရပါတယ်။ ကယ်လီဟာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ငှက်ကို သတိပြုမိတဲ့အခါတွင် ငှက်ဟာ အုပ်စုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြေကြီးပေါ်သို့ ပျံဆင်းလာခဲ့ပါတယ်။ သူမမြင်ခဲ့ရတာတွေကို ပြောပြရာမှာ ကယ်လီက “အစတုန်းကတော့ တစ်ခုခုကို မြင်‌နေရတယ်လို့ ထင်ခဲ့တာ၊ ဒါမှမဟုတ် ထူးဆန်းတာက တစ်ခုခုပါပဲ။ "

https://s9.kh1.co/__image/w=615,h=418,q=100/35/354e038d5141394fc6ce56f760f8160a507a2617.jpg
https://s9.kh1.co/__image/w=183,h=275,q=100/8f/8f6432aa89325fd0a85fd44ab237fe912f185dbf.jpg

“ဒါပေမယ့် သေချာအောင်လုပ်ဖို့ အမေကို အိပ်ရာပေါ်ကနေထလာအောင် နိုးလိုက်တယ်။ ပန်းရောင်ခိုကိုတွေ့တာဟာ တခြားအရာတွေ တွေ့ရတာထက် ပိုတုန်လှုပ်စရာ မကောင်းပေမယ့် အဲဒါက မြေးတွေကို ပြောပြနိုင်တဲ့ အရာပါပဲ။" ဒီငှက်ဟာ နီယွန်ဆေးဗူးထဲသို့ ကျသွားနိုင်‌ေကြာင်း လူအများက ယုံကြည်ကြပြီး ငှက်ရဲ့စစ်မှန်ကြောင်းကို မေးခွန်းထုတ်သူအချို့ရှိခဲ့ကာ ကယ်လီက ဒီငှက်ဟာ အရောင်မဆိုးထားတဲ့ ငှက်စစ်စစ်ဖြစ်ကြောင်း ယုံကြည့်ခဲ့ပါတယ်။ ပန်းရောင်ခိုတွေကို ယူကေမှာ တွေ့ရခဲပေမယ့် ငှက်တွေကို ၂၀၁၂ ခုနှစ်မှာ လန်ဒန်နဲ့ ၂၀၁၅ ခုနှစ်မှာ ဘရစ်စတိုမှာ တွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=820,q=100/4c/4c1e5d25b338b94912bb89dd5e736cc49591d7a2.jpg

သတင်း အရင်းအမြစ်Daily Record

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T