စိတ်စွမ်းအားသုံးပြီး အရာဝတ္ထုများကို ထိန်းချုပ်နိုင်သူ အမျိုးသမီးနဲ့ သံလိုက်လူသား

//s9.kh1.co/20/20d926bfce8c43f74ae74b965ea8a4d8f7caf769.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ရုပ်ရှင်ကားထဲမှာတင်မဟုတ်ပဲ အပြင်မှာလည်း တကယ်ရှိပါတယ်......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

စာဖတ်သူတို့အနေနဲ့ ရုပ်ရှင်ကားတွေထဲမှာ စိတ်စွမ်းအားနဲ့ အရာဝတ္ထုတွေကို ရွေ့လျားနိုင်တာ တွေ့ဖူးကြမှာပါ။ သံသတ္တုတွေကိုလည်း ထိန်းချုပ်နိုင်တဲ့ သူမျိုးကိုလည်း ရုပ်ရှင်ထဲမှာ မြင်ဖူးကြမှာပါ။ အဲ့လိုသူတွေအပြင်မှာ တကယ်ရှိတယ်ဆိုရင် စာဖတ်သူတို့ အံ့ဩသွားမှာလား။ ဒါ‌ကြောင့်ပဲ တကယ်လောကက ထိုလူတွေကိုဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/dc/dc46c823ec68ad680c2cd80622229b8a2486eb03.webp

ရုရှား Carrie

https://s9.kh1.co/__image/w=650,h=458,q=100/06/061f40a622a699c0aa392bd7026e04dbd91651d7.jpeg

Stephen King ရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Carrie လိုမျိုး Nina Kulagina ဟာ စိတ်နဲ့အရာဝတ္ထုတွေကို ရွေ့လျားနိုင်ပါတယ်။ Carrie လိုမျိုးပဲ သူမ ဒေါသထွက်နေခဲ့ချိန်မှာ ဘေးနားကအရာဝတ္ထုတွေ လှုပ်ရှားတာ‌ကို တွေ့ရှိခဲ့ပြီးနောက် သူမမှာ ဒီထူးဆန်းပါဝါရှိတာကို သိရှိခဲ့ပါတယ်။ တစ်ခါက သူမဟာ ကြက်ဥအကာကို မထိဘဲ အကာနဲ့ အနှစ်ကို ခွဲပြခဲ့ပါတယ်။ သူမရဲ့ အကျော်ကြားဆုံးသော စမ်းသပ်မှုတစ်ခုဟာ 1970 တွင် သက်ရှိသတ္တဝါများအပေါ် ဒီအစွမ်းသက်ရောက်မှုရှိမရှိစမ်းသပ်ခဲ့တုန်းက ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=444,q=100/4a/4af5de845ae7aebe4ef72670134fcea7a02b3a43.webp

ဖားရဲ့နှလုံးခုန်နှုန်းကို ရပ်လိုက်တဲ့အခါ သူမ စွမ်းအားဟာ သက်‌ရှိတွေအပေါ် လုပ်နိုင်တယ်ဆိုတာကို သက်သေပြခဲ့တယ်။ သိပ္ပံပညာရှင်များကတော့ ဒီရှင်းလင်းချက်ကိုမရှာနိုင်ခဲ့ပါဘူး။ သူမဟာ 1990 ခုနှစ် အသက် 63 တွင်သေဆုံးခဲ့ပါတယ်။ Stephen King ရဲ့ဇာတ်ဆောင်ကိုတော့ ၁၉၇၆ ခုနှစ်တုန်းက မင်းသမီး Sissy Spacek က ထိတ်လန့်ကြောက်စရာကောင်း ရိုက်ကူးသရုပ်‌ဆောင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=442,q=100/32/32af304592c24c96126e7a287626522b6d7aeb96.jpg

တကယ့်လောကက Magneto

https://s9.kh1.co/__image/w=618,h=439,q=100/51/517ed40dfb908f4e46fceaa8cb633f791f17b1c7.jpg

သူ့စိတ်နဲ့ သတ္တု‌တွေကို ထိန်းချုပ်တဲ့ Sir Ian McKellen ရဲ့ X-Men ဇာတ်ကောင်လိုပဲ Liew Thow Lin ဟာ သတ္တုပစ္စည်းတွေကို သူ့အရေပြားမှာကပ်စေတဲ့အတွက် "လူသားသံလိုက်" အဖြစ် လူသိများခဲ့ပါတယ်။ မလေးရှားနိုင်ငံသားသူဟာ မီးဖိုချောင်သုံးပစ္စည်းများမှ ကိရိယာတန်ဆာပလာများအထိ သတ္တုအလေးချိန် ၂ ကီလိုဂရမ်အထိရှိတဲ့ မည်သည့်အရာမဆို စုစုပေါင်း ၃၆ ကီလိုဂရမ်အထိ ကိုင်ဆောင်ထားနိုင်ပါတယ်။

https://s9.kh1.co/__image/w=500,h=281,q=100/7c/7c981ceb39b98bd55a2452f957c37833582b15d8.webp

သူက ဒီစွမ်းရည်ကိုသုံးပြီး ကားကိုဆွဲနိုင်ပါ‌သေးတယ်။ သူ့ရဲ့စွမ်းဆောင်နိုင်ရည်ဟာ သံလိုက်ဓာတ်ရဲ့ အရင်းအမြစ်တစ်ခုကြောင့်မဟုတ်သလို သိပ္ပံပညာရှင်တွေက သူ့ခန္ဓာကိုယ်ထဲမှာ သံလိုက်စက်ကွင်းကို တွေ့ရှိခဲ့ပါတယ်။ Lin ဟာ 2013 ခုနှစ် အသက် 83 နှစ်တွင် ကွယ်လွန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=463,q=100/48/48b28076802bd057d1b4b2831586f405ab3af74a.jpg

သတင်း အရင်းအမြစ်Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T