လူ ၁၀ ယောက်ထိသေဆုံးခဲ့တဲ့ Buffalo ပစ်ခတ်မှုကိုတိုက်ရိုက် Live လွှင့်ခဲ့တဲ့ သေနတ်သမား

//s9.kh1.co/2a/2a9bbcaeabfe34379913d252bd2f3021a3b198e9.webp
နေ့စဉ်သတင်းများ

 ၁၆-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သေနတ်သမားဟာလူမည်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က နယူးယောက်မြို့ Buffa

lo မှာဆိုးရွားလှတဲ့ သေနတ်ပစ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အသက် ၁၈ နှစ်အရွယ်ရှိလူမျိုးရေးခွဲခြားတဲ့ လူဖြူသေနတ်သမားဟာ လူမည်းတွေကိုဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ၁၀ ယောက်သေဆုံးကာ သုံးယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/33/33010a7a913ddb29636834d2d01ec7c406960af3.png

အွန်လိုင်းပေါ်မှာ jimboboiii ဆိုတဲ့အမည်နဲ့လှုပ်ရှားတဲ့ အဆိုပါသေနတ်သမားဟာ ပစ်ခတ်မှုတစ်ခုကိုလုံးကို Game Dteraming Platform တစ်ခုဖြစ်တဲ့ Twitch ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီးနောက် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။သေနတ်သမားဟာ ပစ်ခတ်မှုမလုပ်ခင်ကလည်း စာမျက်နှာ ၁၈၀ လောက်ထိရှိတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ဂျူးလူမျိုးမုန်းတီးရေး ကြေညာစာတမ်းကို အွန်လိုင်းပေါ်မှာတင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b4/b4f602f755aaea05b33d118aacf578c322b171ad.png

ပစ်ခတ်မှုဟာ လူအဝင်အထွက်များပြီး စည်ကားတဲ့စနေနေ့ Top Friendly စူပါမားကတ်မှာ ဖြစ်ပွားခဲ့တာပါ။မျက်မြင်သက်သေတွေရဲ့ပြောစကားအရ သေနတ်သမားဟာ ကားပါကင်ထဲမှာ လူလေးယောက်ကိုပစ်သတ်ခဲ့ပြီးနောက် မားကတ်ထဲဝင်ကာ ကျန်တဲ့လူတွေကိုပါ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။သေဆုံးခဲ့ရသူတော်တော်များများဟာ လူမည်းတွေကြီးပါပဲ။

https://s9.kh1.co/__image/w=650,h=390,q=100/01/0116a5d2b23bbed13df33b08f3f88b615190fd10.png

ပစ်ခတ်ချိန်မှာသူဟာ စစ်တပ်ယူနီဖောင်းကို အပြည့်အစုံဝတ်ဆင်ထားပြီး လက်နက်တွေလည်းတော်တော်များများပါဝင်ပါတယ်။သူကလက်နက်တွေကိုတော့ အမြဲတမ်းဝယ်ယူကိုင်ဆောင်ထားတတ်ပြီး ပစ်ခတ်မှုကိုတော့ ဇန်နဝါရီလမှ ကြံစည်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/7a/7a9c1b8f786b1cd0e3f4224389816dc427269b58.png

သူ့ရဲ့ကြေညာစာတမ်းကိုလည်း လိုင်းပေါ်မှာဖြန့်၊ပစ်ခတ်မှုကိုလည်း Discord ပေါ်မှာကြံစည်ခဲ့ပြီး ပစ်ခတ်မှုအစအဆုံးကိုလည်း Twitch ပေါ်မှာ Stream လွှင့်ခဲ့တာပါ။Twitch ကသူ့ရဲ့ Account တစ်ခုလုံးကိုပါဖြုတ်ချခဲ့ပေမဲ့ Video တွေနဲ့တချို့ Screenshot တွေကတော့လိုင်းပေါ်မှာပြန့်နှံ့သွားခဲ့ပါတယ်။သူဟာ ၂၀၂၁ ခုနှစ်တုန်းကလည်း အထက်တန်းကျောင်းကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်မှုတွေလုပ်ဖူးခဲ့တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/2a/2a47ea36d2b85a4223d4dfe0de551774aae8950b.png

အမေရိကန်နိုင်ငံမှာ အထက်တန်းကျောင်းတွင်းပစ်ခတ်မှုတွေ၊လူမျိုးရေးခွဲခြားပြီးပစ်ခတ်မှုတွေကို ခဏခဏကြုံတွေ့နေကြရပါတယ်။ခုဖြစ်ရပ်မှာ ပစ်ခတ်သူကတော့ အသက် ၁၈ နှစ်သာရှိသေးတာကြောင့်ရော၊သူ့ရဲ့ကြေညာစာတမ်းထဲက အရာတွေကအရမ်းကြောက်ဖို့ကောင်းတာကြောင့်ရော ရဲအရာရှိတွေကပါ သူဘာကြောင့်ဒီလိုလုပ်ရလဲဆိုတာ နားမလည်နိုင်ဖြစ်နေကြပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T