ဟန်းနီးမွန်းက ပြန်လာပြီး ပထမဆုံးကြော်ငြာရိုက်ကူးထားတဲ့ Hyun Bin ရဲ့ ဓာတ်ပုံများ

//s9.kh1.co/09/09bb5dfff3ee463c1e5a9c30b5694d12fcf8366f.jpg
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၂ ၉pm · လွန်ခဲ့သော ၃ နှစ် က

အပြုံးချိုချိုလေးတွေနဲ့ ပါးချိုင့်မင်းသားလေးကတော့ အိမ်ထောင်သည်ဖြစ်နေပေမယ့်လည်း ချောနေဆဲပဲ

မေလ 13 ရက်နေ့က Hyun Bin ရဲ့ အေဂျင်စီဖြစ်တဲ့ VAST Entertainment က SNS ကနေ Hyun Bin ရဲ့ ပုံအချို့ကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=610,h=915,q=100/5f/5f52de5de608a1cfc1155644e757f7797a0400d1.png

အေဂျင်စီက “[VAST MAKING] VASTree ရဲ့ လှပတဲ့နှလုံးသား၊ အဖိုးတန် The Spaces (Hyun Bin ရဲ့ fandom name)တွေအတွက် လက်ဆောင်တစ်ခုပါ။ Hyun Bin နဲ့ ပိုပျော်စရာကောင်းတဲ့ သောကြာနေ့လေးဖြစ်ပါစေ။" ဆိုတဲ့ Caption လေးနဲ့အတူ Fan တွေအတွက် Hyun Bin ရဲ့ ပုံလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာ Hyun Bin က မိုးပြာရောင်အင်္ကျီနဲ့ တီရှပ်အဖြူလေးကို ဝတ်ပြီး Shooting လုပ်နေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=610,h=407,q=100/90/90c2bdf938f855f745ef71044a3d1de92678123e.png

Hyun Bin က မင်းသမီး Son Ye-jin နဲ့ မတ်လ ၃၁ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အမေရိကန်ကို ဟန်းနီးမွန်းထွက်ပြီးနောက် ဧပြီလကုန်မှာ ကိုရီးယားကို ပြန်လည်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဟန်းနီးမွန်းမှာ ၁၅ ရက်လောက် ကြာခဲ့တာမို့ နောက်ကျသွားတဲ့ ကြော်ငြာတွေကို အခုပြန်လည် စတင် ရိုက်ကူနေတာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=609,h=407,q=100/68/683af6cf85bbfd4f4e7b3f51dbb56be7cebc8df8.png

ဓာတ်ပုံတွေမှာတော့ Hyun Bin က စမတ်ကျတဲ့ ဖက်ရှင်စတိုင်နဲ့ ကင်မရာကို စိုက်ကြည့်ရင်း ဆွဲဆောင်မှုအပြည့်ရှိနေတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်း ပိုပြီးပြည့်စုံလာခဲ့တဲ့ Hyun Bin ကို ပရိသတ်တွေက ပိုမိုအားပေးချစ်ခင်နေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit & Source : Kbizoom 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T