ချစ်သူအသစ်နဲ့ ထပ်မံလမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဝမ်းနည်းစွာကြေညာလိုက်တဲ့ တောင်ကိုရီးယားမင်းသမီး Goo Hye Sun

//s9.kh1.co/f9/f99f0724c135382b931dae9a7d76b450ce3bedd9.jpg
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ချစ်သူအသစ်နဲ့ ထပ်မံလမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဝမ်းနည်းစွာကြေညာလိုက်တဲ့ တောင်ကိုရီးယားမင်းသမီး Goo Hye Sun

တောင်ကိုရီယားမင်းသမီး Goo Hye Sun ဟာဆိုရင် ချစ်ဖို့ကောင်းပြီး ထူးချွန်တဲ့သူဖြစ်တာကြောင့် အနုပညာလောကမှာ နေရာတစ်ခု ရထားတဲ့ သူလေး ဖြစ်ပါတယ်။ သူမက ၂၀၁၆ ခုနှစ်မှာ တောင်ကိုရီးယားမင်းသား Ahn Jae-hyun နဲ့ လက်ထပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ လူသိရှင်ကြား ကွာရှင်းခဲ့တာဖြစ်ပါတယ်။

Instagram
Instagram

ကွာရှင်းပြီးနောက် ၂၀၂၁ ခုနှစ် ၊ မတ်လမှာ Goo Hye Sun က သူမရဲ့ ချစ်သူအသစ်နဲ့ ချိန်းတွေ့နေပြီဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့ပါတယ်။ ပရိသတ်တွေကလည်း Goo Hye Sun ကို စစ်မှန်တဲ့ ချစ်ခြင်းနဲ့ တွေ့ဆုံဖို့ ဆုတောင်းပေးခဲ့ကြပြီး ချိန်းတွေ့တာကို ဂုဏ်ယူအားပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Goo Hye Sun က ချစ်ရသူနဲ့ ထပ်မံလမ်းခွဲလိုက်ပြီဖြစ်ကြောင်းကို ယမန်နေ့က အသိပေးလာခဲ့ပါတယ်။

Instagram
Instagram
Instagram
Instagram

Goo Hye Sun က လက်ရှိမှာ Home Wear brand တစ်ခုနဲ့ ကြော်ငြာရိုက်ကူးနေတာဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေနဲ့ သူမလမ်းခွဲလိုက်ပြီး ဖြစ်ကြောင်းကို ဝမ်းနည်းစွာ ကြေညာခဲ့တာဖြစ်ပါတယ်။

Instagram
Instagram

ဝမ်းနည်းမှု အပြည့်နဲ့ ခံစားချက်တွေ ပါပြီး အသက်ဝင်နေတဲ့ မမ Goo Hye Sun ရဲ့ ဓာတ်ပုံတွေက ပရိသတ်တွေကို စိတ်မကောင်းဖြစ်သွားစေပါတယ်။ မမ Goo Hye Sun တစ်ယောက် ဘယ်တော့များမှ မှန်ကန်တဲ့ သူကို ရှာတွေ့နိုင်မှာလဲ ဆိုပြီးတော့လည်း ပရိသတ်တွေက သနားနေကြပါတယ်။

Instagram
Instagram

“စိတ်မကောင်းမဖြစ်ပါနဲ့ ကောင်မလေးရေ .. တစ်နေ့ကြရင် မင်းကို ထာဝရချစ်ပေးနိုင်တဲ့ သူကို ရှာတွေ့မှာပါ။ နာကြင်မှုတွေ အမြန်ဆုံး ပျောက်ပါစေ ..” ဆိုပြီး တော့လည်း  အားပေးနှစ်သိမ့်ပေးထားကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T