ရှုတင်က အဖွဲ့သားတွေကို ၅ ထောင်တန် အထပ်လိုက်ကြီးကိုင်ပြီး ပျော်ရွှင်စွာ မုန့်ဖိုးဝေမျှပေးနေတဲ့ မြတ်သူသူ ရဲ့ ကြည်နူးစရာ ရုပ်သံ

//s9.kh1.co/3f/3ff4cbd19d92c76771e115580b3b2174471131f6.jpg
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

MRTV- 4 မင်းသမီးချောလေး မြတ်သူသူ ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်။ သူမဟာ တက်သစ်စမင်းသမီးဖြစ်ပေမယ့် ဘယ်လိုဇာတ်ကောင်တွေပဲ ဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo Credit - Myat Thu Thu
Photo Credit - Myat Thu Thu
Photo Credit - Myat Thu Thu
Photo Credit - Myat Thu Thu

မြတ်သူသူက ပါးဖောင်းဖောင်းလေးအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်သဘောထား ပြည့်ဝလွန်းသူလေးဖြစ်ပြီး အလှူအတန်းတွေမှာလည်း သဒ္ဒါတရားထက်သန်စွာ လှူဒါန်းပေးတာတွေ့ရပါတယ်။ ယခုမှာတော့ မြတ်သူသူက ပရိသတ်တွေ ကြည်နူးပျော်ရွှင်စေမယ့် ဗီဒီယိုလေးတစ်ခုကို ဖော်ပြလာတာတွေ့ရပါတယ်။

Photo Credit - Myat Thu Thu
Photo Credit - Myat Thu Thu
Photo Credit - Myat Thu Thu
Photo Credit - Myat Thu Thu

ဒီလေးကတော့ မြတ်သူသူဟာ ရှုတင်က မောင်နှမတွေလိုချစ်ခင်ရတဲ့ ရိုက်ကူးရေးအဖွဲ့သား တစ်ယောက်ချင်းစီတိုင်းကို ၅၀၀၀ တန်အထပ်လိုက်ကြီးကိုင်ပြီး ပျော်ရွှင်စွာ မုန့်ဖိုးဝေမျှပေးနေတာ ဖြစ်ပါတယ်။ စိတ်သဘောထားပြည့်ဝတဲ့ မြတ်သူသူလေးရဲ့ သဒ္ဒါတရားထက်သန်ပုံကတော့ မြင်ရသူတိုင်းကြည်နူးဝမ်းမြောက်စေပါတယ်။ ရိုက်ကူးရေး အဖွဲ့သားတွေကို မုန့်ဖိုး ဝေမျှပေးနေတဲ့ မြတ်သူသူရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ ထပ်တူကြည်နူးအောင် တစ်ဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Myat Thu Thu

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T