ကြည်လင်ချိုမြတဲ့ အသံ ၊ အသံပါဝါကောင်းကောင်း ၊ သီချင်းကောင်းတွေနဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ထားသူကတော့ အဆိုတော် R ဇာနည် ပဲဖြစ်ပါတယ်။


အဆိုတော် R ဇာနည် ဟာ ဆိုရင် အမှန်တရားဘက်ကနေ ရပ်တည်ခဲ့သူမို့ အခုအချိန်မှာ နေအိမ်စွန့်ခွာပြီး အဝေးတစ်နေရာကို မိသားစုနဲ့အတူ ရောက်နေတာဖြစ်ပါတယ်။


ဒီကနေ့ဟာ ကို R ဇာနည့် မိဘနှစ်ပါး ရဲ့ ချစ်သက်နှစ်ပတ်လည်နေ့ဖြစ်ပြီး ကို R ဇာနည်အနေနဲ့ အဝေးရောက်နေတာဖြစ်လို့ အဝေးတစ်နေရာကနေ "Happy Anniversary ပါ..ဖေဖေနဲ့မေမေ..အဝေးကနေ ကန်တော့လိုက်ပါတယ်" လို့ဆိုကာ မိဘနှစ်ပါးအတွက် ဆုမွန်ကောင်းတောင်းပေးလာတာဖြစ်ပါတယ်။ ကို R ဇာနည် လည်း ချစ်ရတဲ့မိသားစုနဲ့အမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။





