မွေးကာစသမီးလေးကို နာမည်ပေးပြီးသွားတဲ့ ခရစ်စတီရာနိုရော်နယ်ဒို

//s9.kh1.co/e3/e34e3f04fb3e39214acb32e12c2761afa81d2ba8.webp
အနုပညာရှင်များ

 ၁၁-မေ-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

ဇနီးဖြစ်သူက သမီးလေးပုံနဲ့ အတူတူနာမည်ကိုပါတွဲတင်ထားတာဖြစ်ပါတယ်

မန်ယူအသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရောနယ်ဒိုနဲ့ ဇနီးဂျော်ဂျီယာနာရိုဒရီဂုဇ်တို့ဟာ သူတို့ရဲ့မွေးကင်းစသမီးလေးကို နာမည်ပေးလိုက်ပါပြီ။ပြီးခဲ့တဲ့လက သူတို့စုံတွဲဟာ အမြွှာလေးနှစ်ယောက်ကိုမွေးဖွားခဲ့ပြီး ယောကျာ်းလေးကတော့ ဆုံးပါးသွားကာ မိန်းကလေးသာကျန်နေခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျီယာနာက သူမရဲ့ Instagram မှာ Bella Esmeralda ဆိုတဲ့နာမည်လေးနဲ့သမီးလေးရဲ့ပုံကိုတွဲတင်ထားတာဖြစ်ပါတယ်။အဲ့အပြင်နောက်မှာလည်း 180422 လို့ကလေးရဲ့မွေးနေ့ကိုရေးသားထားပါသေးတယ်။

ရော်နယ်ဒိုနဲ့ဇနီးဖြစ်သူတို့ဟာ အမြွှာထဲကသားလေးသေဆုံးပြီးချိန်ကတည်းက မိသားစုအဖြစ်နီးနီးကပ်ကပ် ပိုပြီးအချိန်ကုန်ဖြစ်ကြတယ်လို့သိရပါတယ်။အခု Bella Esmeralda အပါအဝင်နဲ့ဆို ရောနယ်ဒိုမှာ သားသမီးငါးယောက်ရှိသွားပါပြီ။

https://s9.kh1.co/__image/w=650,h=434,q=100/f1/f171e55c85e46adf7f9f658306c25913ad62c811.png
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T