ချစ်စရာကောင်းတဲ့ တအောင်းဒေသရဲ့ ရွှေဖီချိန် ပုံရိပ်လေး

//s9.kh1.co/c0/c049d9caa244c05c67cadb992d552e3c6e8a3e2a.jpeg
ဗဟုသုတအဖြာဖြာ

 ၀၆-ပြီ-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

ချစ်စရာကောင်းတဲ့ တအောင်းဒေသရဲ့ ရွှေဖီချိန် ပုံရိပ်လေး

ရွှေဖီချိန်မိုးလွတ် လက်ဖက်ညွန့်ခူးချိန်ကာလကို ရောက်ပြီဆိုရင် တအောင်း (ပလောင်) တိုင်းရင်းသားတွေ က မိမိတို့နေထိုင်ရာ ဒေသအသီးသီးကနေ လက်ဖက်ညွှန့်လေးတွေ ခူးဆွတ်ရန် ထွက်လာခဲ့ကြပါတယ်။ 

Mai A Naing 
Mai A Naing 

လက်ဖက်ညွှန့် ခူးချိန်မှာ မိသားစုလိုက် စိုက်ခင်းကို ထွက်လာလေ့ရှိပြီး မေမေဖြစ်သူက လက်ဖက်ညွှန့်လေးတွေ ခူးနေချိန်မှာ  သမီးအငယ်လေးကို လက်ဖက်ခြံကြားထဲမှာ ချော့သိပ်ထားပါတယ်။ အိပ်နေတဲ့အငယ်မလေးကို စောင့်ရှောက်ဖို့ အကြီးမလေးကို အစောင့်ထားထား ပါတယ်။ ။ ညီအစ်မ နှစ်ယောက်ကို အချင်းချင်း စောင့်ရှောက်ခိုင်းထားပြီး အမေဖြစ်သူက လက်ဖက်ကလေး ခူးပါတယ်။  

Mai A Naing 
Mai A Naing 

ကလေးငယ်လေးက အော်ငိုရင် နို့လာတိုက်မယ်။ ပြီးရင် လက်ဖက်လေး ပြန်ခူးပါတယ်။  ကလေးလေး အငိုတိတ်ရင် မိခင်ဖြစ်သူက လက်ဖက်လေးသွားပြန်ခူးပါတယ်။

Mai A Naing 
Mai A Naing 

တစ်ခါတစ်ရံ ကလေးလေး အငိုမတိတ် ဖြစ်နေရင် မိခင်ဖြစ်သူက ကျောလေးပိုးပြီး တေးဆိုချော့တိတ်ရင်းလက်ဖက်လေး ခူးနေပါတယ်။  ချစ်စရာကောင်းပြီး အေးချမ်းလှတဲ့ ရွှေဖိီမြေ ဓလေ့လေးက မြင်ရသူတိုင်းအဖို့စိတ်ကြည်နူးစရာကောင်းလှပါတယိ။ 

Mai A Naing 
Mai A Naing 
Google
Google

မိသားစုလိုက် လက်ဖက်ခူးနေကြတဲ့ ရွှေဖီချိန်ပုံရိပ်လေးကို အားလုံး ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်။ 

Source - Mai A Naing 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T