အသစ်ပေါ်တဲ့ အိုမီခရွန် XE ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

//s9.kh1.co/ea/ea5b7167441b039973dec0adcb695fd40d08aedb.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၆-ပြီ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

အိုမီခရွန်အဟောင်းတွေနဲ့ တူလား? ကြောက်စရာကောင်းလား?

၂၀၂၁ နိုဝင်ဘာမှာ  တောင်အာဖရိကနဲ့ ဟောင်ကောင်မှာ စတင်တွေ့ရှိခဲ့ရတဲ့ အိုမီခရွန် ကိုဗစ်မျိုးကွဲဟာ BA.1. ဖြစ်ပါတယ်။ အချိန်အနည်းငယ်ကြာတဲ့အခါ ဗီဇပြောင်းလဲမှု ဖြစ်ပြီး Stealth အိုမီခရွန်လို့ ခေါ်တဲ့ မျိုးကွဲစိတ် အသစ် ပေါ်လာခဲ့ပြန်ပါတယ်။ အဲဒီ မျိုးကွဲစိတ်ဟာ BA.2. လို့လည်း လူသိများပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c9/c953a542ac13354799e25626b68d251b5a176e2f.jpg

အံ့သြစရာကောင်းတာက အခု ယူကေနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်များနေလို့ စစ်ဆေးကြည့်တဲ့အခါ အိုမီခရွန် BA.1. နဲ့ BA.2. ပေါင်းစပ်ထားတဲ့ မျိုးကွဲစိတ် အသစ် ဖြစ်နေတာပါ။ သူ့ကို အိုမီခရွန် XE လို့ နာမည်အသစ်ပေးထားလိုက်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/5a/5af6944302738795e7e30aed4c2f3459f7dc4e1d.jpg

သူ့ရဲ့ ရောဂါလက္ခဏာတွေကို လေ့လာကြည့်တဲ့အခါ ကာကွယ်ဆေးထိုးထားတဲ့လူတွေမှာ ဖြစ်ရင် သာမန်တုပ်ကွေးလောက်ပဲ ဖြစ်တယ်လို့ သိရပါတယ်။ XE မှ မဟုတ်ပါဘူး၊ အိုမီခရွန် မိခင် မျိုးစိတ်ကတည်းက ရောဂါသိပ်မဆိုးဘူးလို့ အားလုံး သိထားကြပြီးသားပါ။

https://s9.kh1.co/__image/w=650,h=434,q=100/0b/0b0a0d6dc4b8aa91ccbb50389ad44d31a788f1b5.jpg

တုပ်ကွေးနဲ့ ဆင်တူတဲ့ XE အိုမီခရွန် ကူးခံရပြီဆိုရင် နှာစေး၊ နှာချေ၊ လည်ချောင်းနာ စတဲ့ လက္ခဏာတွေ အရင်ဆုံး ပြလေ့ရှိပါတယ်။ တခြားကိုဗစ်တွေနဲ့ ကွဲထွက်သွားတဲ့အချက်က သူ့မှာ ဖျားတာနဲ့ ချောင်းဆိုးတာနဲ့ စမဖြစ်ဘူးလို့ သိရပါတယ်။

https://s9.kh1.co/__image/w=590,h=350,q=100/65/656f664fd2f497bdf6b5668e363aa4a61063477e.jpg

Ref : https://www.independent.co.uk/news/health/omicron-xe-new-covid-variant-b2050426.html

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T