ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသားလူတွေမှာ တွေ့ရတဲ့ အိုမီခရွန်လက္ခဏာ ၉ ခု

//s9.kh1.co/e9/e9fb68a64adb73cd99a7dac3d61b49952b49757b.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၂-ပြီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

၂၀၂၁ နိုဝင်ဘာမှာ တောင်အာဖရိက နဲ့ ဟောင်ကောင်မှာ စတင် ဖြစ်ပွားခဲ့တဲ့ အိုမီခရွန် ကိုဗစ်မျိုးကွဲဟာ တစ်ကမ္ဘာလုံးကို မွှေနေဆဲပါပဲ။ တရုတ်လို ကိုဗစ်ဇီးရိုး ပေါ်လစီ (ကိုဗစ် ကင်းစင်ပပျောက်ရေး စီမံချက်) အရ တင်းကြပ်တဲ့ စည်းကမ်းတွေချထားတဲ့ နိုင်ငံမှာတောင် အိုမီခရွန်က ပြန် ကူးစက်နေပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/29/296d44eb3951bb528c433d5b8e4b22d874bd97d2.jpg

ကံကောင်းတာ တစ်ခုက ခုချိန်မှာ ကိုဗစ်ကာကွယ်ဆေးကို အများစုက ထိုးထားပြီးသား ဖြစ်နေတာပါ။ အနည်းဆုံးတော့ booster အားဖြည့်ထပ်တိုးဆေး မထိုးရင်တောင် ၂ ကြိမ်တော့ ထိုးမယ်ထင်ပါတယ်။ အိုမီခရွန်က အရမ်း ကူးစက်လွယ်တာမို့ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသားလူတွေမှာတောင် ပြန်ဖြစ်နေတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/aa/aae54d9a6829c330940efb2a0876b072d2b04b39.jpg

အဲဒီလိုလူတွေမှာ ဖြစ်တဲ့အခါ ဘယ်လို ရောဂါလက္ခဏာတွေ ပြတတ်လဲဆိုတာ Independent မဂ္ဂဇင်းကြီးက ဖော်ပြထားချက်ကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ 

https://s9.kh1.co/__image/w=640,h=481,q=100/8c/8c249937cd4c15a3b3588060c5ac74bd37c96cbc.jpg

ကာကွယ်ဆေး ထိုးပြီးသူတွေမှာ အိုမီခရွန်ကူးရင် ပထမဆုံး ပြတတ်တဲ့ လက္ခဏာ ၂ ခုကတော့ မူးဝေတာနဲ့ မောပန်းလွယ်တာပဲ ဖြစ်ပါတယ်။ ဒါက သာမန် ဖျားနာတာရယ်၊ ပင်ပန်းတဲ့အချိန်မှာ ဖြစ်တာရယ်နဲ့ သိပ်မကွာပါဘူး။ 

https://s9.kh1.co/__image/w=640,h=480,q=100/02/0257be99292907908eb5a2360ca57ee74010bc55.jpg

များသောအားဖြင့် တွေ့ရတတ်တဲ့ ရောဂါလက္ခဏာ ၉ ခုကတော့...

1. ချောင်းဆိုးခြင်း

2. နှာရည်ယိုခြင်း

3. မောပန်းလွယ်ခြင်း

4. လည်ချောင်းနာခြင်း

5. ခေါင်းကိုက်ခြင်း

6. ကြွက်သားနာကျင်ကိုက်ခဲခြင်း

7. ဖျားခြင်း

8. နှာချေခြင်း

9. ပျို့အန်ခြင်း တို့ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/7f/7f720430772d2abe921a0927928f0becbb773523.jpg

တကယ်လို့ ဒီထဲက ၂ ခု လောက် တိုက်ဆိုင်နေရင်တော့ သေချာ အနားယူပြီး ကုသမှု ခံယူဖို့ တိုက်တွန်းလိုက်ပါရစေနော်။ 

Ref : https://www.independent.co.uk/news/health/omicron-symptoms-long-covid-incubation-period-vaccine-b2048766.html

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T