ကြို့ထိုးတာ အမြန်ရပ်အောင် လုပ်လို့ရတဲ့ နည်းလမ်း ၆ ခု

//s9.kh1.co/c6/c6acbaa1545aab2529317d4390fc72240720d005.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၃၁-မတ်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ခဏခဏ ကြို့ထိုးတတ်တဲ့ သူလေးတွေ ရှိလား? ဘာလို့ ကြို့ထိုးတာလဲဆိုတာ အတိအကျ မသိပေမဲ့ များသောအားဖြင့် စိတ်ဖိစီးစရာ တစ်ခုခု ကြုံတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါနဲ့ စားရင်းသောက်ရင်း ကြို့ထိုးတတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=326,q=100/14/1440a702ff08e40a58ad988a708c48b2b34037bb.png

ကြို့ထိုးတာက ခဏပဲ ကြာတတ်ပြီး သူ့ဘာသာသူ ပျောက်သွားလေ့ ရှိပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ အကြာကြီး ကြို့ထိုးနေတယ်၊ ၂ ရက်ကျော် ကြာလာပြီ ဆိုရင်တော့ ဒါက ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်တာမို့ ဆေးခန်း ပြသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a0/a007b7650168deb58b28592dd0e8f9cb37e4013b.jpg

အခုပြောပြမှာကတော့ ကြို့ထိုးတာ အမြန် ရပ်သွားအောင် ဘယ်လို လုပ်လို့ရလဲဆိုတဲ့ နည်းလမ်းလေးတွေနဲ့ ကြို့ထိုးနေတဲ့အချိန် မလုပ်သင့်တဲ့အရာလေးတွေ ပြောပြမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=400,h=400,q=100/d5/d543ff933c2dd17d8d061e5331d89ee8a9a0216f.jpg

လူတော်တော်များများက အခုပြောပြမဲ့ နည်းလမ်း ၆ ခု ထဲက ၁ ခုခု ကိုလုပ်ရင် ကြို့ထိုးတာ ရပ်သွားပါတယ်တဲ့။ အဲဒါတွေက...

1. စက္ကူအိတ်ထဲ အသက်ရှူသွင်း ရှူထုတ် လုပ်ပါ

2. ဒူးခေါင်းကို ရင်ဘတ်ထိ ဆွဲယူပါ။ အရှေ့နည်းနည်း ကုန်းလိုက်ပါ

3. ရေခဲရေ နည်းနည်း သောက်ပါ

4. သကြားခဲအသေးလေး မြိုချပါ

5. သံပုရာသီး ကိုက်ပါ ဒါမှမဟုတ် ရှာလကာရည် နည်းနည်း ငုံပါ

6. ခဏလောက် အသက်အောင့်လိုက်ပါ

သင်ကိုယ်တိုင်ရော ကြို့ထိုးရင် ဘာလုပ်လေ့ရှိလဲ? 

https://s9.kh1.co/__image/w=256,h=192,q=100/b4/b421635c5b8b81bb43d731d20a5e327106de22de.jpg

တကယ်တော့ ကြို့ထိုးနေတဲ့အချိန်မှာ မလုပ်သင့်တာလေးတွေလည်း ရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/19/1980bd565a383b065587358e86bacd1eaabdc65b.jpg

အဲဒါတွေကတော့..

1. ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းပူပူတွေ၊ အရက်နဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေ မသောက်ပါနဲ့

2. ပီကေမဝါးပါနဲ့၊ ဆေးလိပ်မသောက်ပါနဲ့ 

3. အစပ်မစားပါနဲ့

4. အစားကို မြန်မြန်မစားပါနဲ့

5. အပူစားပြီး အေးတာကို ချက်ချင်း သွားမစားပါနဲ့

နောက်တစ်ခါ ကြို့ထိုးရင် ဒီအချက်လေးတွေကို ရှောင်ကြဥ်ကြရအောင်နော်။

https://s9.kh1.co/__image/w=650,h=340,q=100/57/576d238eb387eb49b0b1bccfc6adcf103f2450c0.jpg

Ref : https://www.nhs.uk/conditions/hiccups/

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T