သန္ဓေတားဆေးကို မိန်းကလေးတွေပဲ သောက်ရမှာလား?

//s9.kh1.co/57/57bb80a410cdbe8e3e7d1b5dc94b5fd230ecbdb9.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၅-မတ်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ယောကျ်ားလေး သန္ဓေတားဆေးကို သိပ္ပံပညာရှင်တွေ တီထွင်နေ

သန္ဓေတားဆေးလို့ ပြောလိုက်ရင် အမျိုးသမီးတွေနဲ့ပဲ ဆိုင်တယ်လို့ အားလုံး သိထားကြပါတယ်။ သန္ဓေတားဖို့ သောက်ရတဲ့ ဟော်မုန်းဆေးတွေက ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခေတ်အဆက်ဆက် အမျိုးသမီးတွေ ခံစားလာကြရတာပါ။

https://s9.kh1.co/__image/w=650,h=488,q=100/0d/0df6806565502c43ac2b05266a68363016940a1a.jpg

ကျားမ တန်းတူညီမျှမှုကို အလေးထားလာတဲ့ ခုခေတ်မှာတော့ ဒီကိစ္စဟာ ယောကျ်ားတွေမှာလည်း တာဝန်ရှိတယ်ဆိုတာ ကျယ်ကျယ်လောင်လောင် ပြောနေကြပါပြီ။

https://s9.kh1.co/__image/w=650,h=366,q=100/73/731286c028c77fbd699818ecb8b4c98d28d562e1.jpg

သတင်းကောင်းတစ်ခုကတော့ အမျိုးသားတွေ သောက်ရတဲ့ သန္ဓေတားဆေးကို ကြွက်ကလေးတွေနဲ့ စမ်းသပ်တာ အောင်မြင်နေပါပြီ။ မကြာခင်မှာ လူနဲ့ စမ်းတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီဆေးတွေကို ၁၉၅၀ ခုနှစ်များဆီကတည်းက သိပ္ပံပညာရှင်တွေ တီထွင်စမ်းသပ်နေခဲ့ကြတာပါ။

https://s9.kh1.co/__image/w=650,h=367,q=100/94/943c06c86562c084bfe17c0da284062a92413e73.jpg

ဒါပေမဲ့ အမျိုးသားတစ်ယောက်ဟာ တစ်နေ့မှာ သုက်ပိုး သိန်းနဲ့ချီပြီး ထုတ်လုပ်နိုင်တာ ဖြစ်တဲ့အတွက် တားဆေးထုတ်ရတာ ထင်တာထက် ခက်နေပါတယ်။ စမ်းသပ်မှုတွေရဲ့ အစမှာ ကျားဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်းကို နည်းစေတဲ့ ဆေးတွေ လုပ်ခဲ့ပေမဲ့ အဲဒါက ဘေးထွက်ဆိုးကျိုး အရမ်းများပါတယ်။ အဲဒီအတွက် ဟော်မုန်းမပါဘဲ သုက်ပိုးထုတ်လုပ်မှုမှာ ပါဝင်တဲ့ ပရိုတိန်းလေးကို တားတဲ့ဆေး ထုတ်နိုင်အောင် ကြိုးပမ်းနေကြတာပါတဲ့။

https://s9.kh1.co/__image/w=650,h=366,q=100/9e/9e870674a2c22ae0c28b49317979c632d203c8ee.jpg

တကယ်တော့ နှစ်ပေါင်းများစွာ အမျိုးသမီးတွေ သောက်လာရတဲ့ တားဆေးတွေကလည်း အီစထရိုဂျင်နဲ့ ပရိုဂျက်စတိုရုန်း လို့ခေါ်တဲ့ ဟော်မုန်းတွေပါဝင်ပြီး တူညီတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေခဲ့ပါတယ်။ အမျိုးသမီးတွေအတွက် ရင်နာစရာပါပဲ။ ယောကျ်ားသန္ဓေတားဆေး မြန်မြန်ထုတ်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။

Ref : https://www.dailymail.co.uk/health/article-10640991/One-step-closer-giving-men-Pill.html?ito=social-facebook

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T