ကိုယ်ကျိုးမငဲ့ပဲ ပြည်သူ့အကျိုးသာ ရှေးရှပြီး သတ္တိပြည့်ဝတဲ့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်စကီး အကြောင်း

//s9.kh1.co/de/de4c98373ed2549e5a7eba40a64d0bd2b493f748.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-မတ်-၂၀၂၂ ၁၂am · လွန်ခဲ့သော ၂ နှစ် က

လက်ရှိ ရုရှား နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ တက်ကြွစွာတော်လှန်နေ....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လတ်တလော ဖြစ်ပွားနေတဲ့ ရုရှား နဲ့ ယူကရိန်း ပဋိပက္ခမှာ ယူကရိန်းနိုင်ငံ ရဲ့ ဦးဆောင်သူ အဖြစ်သော်လည်းကောင်း ၊ ပြည်သူအားလုံးရဲ့ လေးစားရသူအဖြစ်သော်လည်းကောင် လူသိများလာတာကတော့ ယူကရိန်း သမ္မတ ဗလာဒီမာ ဇလန်းစကီး ပဲ ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယူကရိန်း သမ္မတ ဇလန်းစကီး ကို ဇန်နဝါရီ(၂၅)ရက် ၊ (၁၉၇၈) ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး လက်ရှိမှာ သူဟာ အသက်(၄၄)နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဇလန်းစကီး ဟာ အစက နိုင်ငံရေးသမား မဟုတ်ခဲ့ပါဘူး။ သူဟာ ဥပဒေပညာဘွဲ့ ရပြီး Kvartal 95 ဆိုတဲ့ ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ရုပ်ရှင်၊ ကာတွန်း၊ တီဗွီစီးရီး တို့ကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ထဲကမှ “Servant of the people” ဆိုတဲ့ တီဗီဇာတ်လမ်းတွဲဟာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ (၂၀၁၅) ခုနှစ်မှ (၂၀၁၉) ခုနှစ်အထိ တင်ဆက်ခဲ့ပြီး အဲဒီ ဇာတ်လမ်းတွဲမှာလည်း ဇလန်းစကီး ကိုယ်တိုင်က သမ္မတ အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

(၂၀၁၈) ခုနှစ်မှာ သူ့ဝန်ထမ်းတွေက တီဗီဇာတ်လမ်းတွဲ နာမည်အတိုင်း နိုင်ငံရေးပါတီတစ်ခု စတင် ထူထောင်ပြီး သူ့အနေနဲ့လည်း နိုင်ငံရေး စတင် လှုပ်ရှားခဲ့ကြပါတယ်။ သူဟာ(၂၀၁၉) ခုနှစ် ရွေးကောက်ပွဲမှာတော့ ယူကရိန်းသမ္မတ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ယခုဖြစ်ပေါ်နေတဲ့ ရုရှား နဲ့ ပဋိပက္ခ မှာလည်း အမေရိကန်က သူ့ကို နိုင်ငံမှ စွန့်ခွာလိုရင် ကယ်တင်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် ဇလန်းစကီး ဟာ ဒါကိို ပယ်ချခဲ့ပါတယ်။ သူဟာ ပြည်သူတို့နဲ့အတူ နိုင်ငံကိုကာကွယ်မယ်ဆိုပြီး မြို့တော် ကီးယက်မှာပဲ နေတဲ့အပြင် ယူကရိန်း တပ်မတော်၊ မျိုးချစ်ပြည်သူတို့နဲ့အတူ ရုရှားကျူးကျော်ရေးသမားတို့ကို တွန်းလှန် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T