မွေးနေ့လေးမှာ သူ့အတွက်ကို မဆုတောင်းဘဲ အကျဥ်းထောင်ထဲရောက်နေတဲ့ အိန္ဒြာကျော်ဇင်အတွက် ဆုတောင်းပေးရှာတဲ့ ဦးဇာဂနာ

//s9.kh1.co/51/5125cab797d2b52279b874b0d98a55383755a9fe.jpg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို အနုပညာဥာဏ်ကြွယ်ဝတဲ့ လူရွှင်တော် ဦးဇာဂနာကတော့ ယမန်နေ့က အသက် ၆၁ နှစ်ပြည့် ပျော်ရွှင်စရာ မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့ပါတယ်။ လူအများရဲ့ လေးစားချစ်ခင်ရတဲ့ သူတစ်ယောက်ဖြစ်လို့ အနုပညာရှင်မောင်နှမတွေနဲ့ ချစ်တဲ့ ပရိသတ်တွေကလည်း ဦးဇာဂနာရဲ့ မွေးနေ့လေးအတွက် ဆုတောင်းမေတ္တာတွေ ပို့သပေးကြတာ တွေ့ရပါတယ်။

Photo Credit - U Zarganar
Photo Credit - U Zarganar
Photo Credit - U Zarganar
Photo Credit - U Zarganar

ဦးဇာဂနာရဲ့ လူမှုကွန်ယက်မှာတော့ သူ့ရဲ့ မွေးနေ့လေးအတွက် ဆုတောင်းပေးကြတဲ့ သူတွေကို ကိုယ်စီကိုယ်ငှ ကျေးဇူး တင်ရှိကြောင်းကို ပြောလာတဲ့အပြင် ဧပြီလ၂၄ ရက်တုန်းက အချုပ်ခန်းထဲရှိစဥ် အိန္ဒြာကျော်ဇင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တာလေးကို အမှတ်ရပြီး ပြန်လည်ပြောပြထားခဲ့ပါတယ်။ ဒါ့အပြင် မွေးနေ့လေးမှာ သူ့အတွက်မလိုဘဲ အခြားသူတွက် ဆုတောင်းပေးထားတာလေးလည်း လေးစားစရာ ကောင်းလှပါတယ်။

Photo Credit - Eaindra Kyaw Zin
Photo Credit - Eaindra Kyaw Zin
Photo Credit - U Zarganar
Photo Credit - U Zarganar

ဦးဇာဂနာ ဟာ (၁၉၈၈) ခုနှစ် အရေးတော်ပုံကာလကစလို့ ယခု (၂၀၂၁) ခုနှစ်အထိ နိုင်ငံရေး တက်ကြွစွာလှုပ်ရှားခဲ့တာကြောင့် (၅)ကြိမ်အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပါ။ ပြီးခဲ့တဲ့ ဧပြီလက ဖမ်းဆီးခံရပြီး အင်းစိန်ထောင်ထဲမှာ ၅ လကျော် ချုပ်နှောင်ခံရတာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့တွေကိုလည်း အများဆုံးထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ပြည်သူတွေအတွက် အနစ်နာခံခဲ့ရတဲ့ ဦးဇာဂနာရဲ့ အသက် ၆၁ နှစ်ပြည့် မွေးနေ့လေးကို ပရိသတ်တွေကလည်း ဆုတောင်းစကားတွေ ပြောပေးခဲ့ပါဦးနော်...။

https://s9.kh1.co/__image/w=600,h=748,q=100/04/0480c7691c05df6372382d63004fed4340ff5e92.jpg

သတင်း အရင်းအမြစ်Source - U Zarganar

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T