SNOWDROP ဇာတ်လမ်းတွဲနှင့်ပတ်သက်ပြီး ပညာသားပါပါ ထုတ်ပြန်ကြေငြာလိုက်တဲ့ JTBC

//s9.kh1.co/d9/d9df71331a8b4c547372d2f3ac4b9ed892a08c7c.jpg
ဖျော်ဖြေရေးများ

 ၂၁-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

JTBC က လက်ရှိမှာ ပြသနေတဲ့ SNOWDROP ဇာတ်လမ်းတွဲအတွက်..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လတ်တလောထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ Snowdrop ဇာတ်လမ်းတွဲ ဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ သမိုင်းကို ထိခိုက်လာခဲ့တယ် ဆိုကာကြည့်ရှုသူအချို့က ထုတ်လွှင့်မှုဖျက်သိမ်းရန်တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီလိုတောင်းဆိုမှုနှင့်ပတ်သက်လို့ JTBC က ကြေငြာချက်တစ်ခုကို ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ JTBC ရဲ့မူဟာ လွတ်လပ်တဲ့အတွေးအခေါ် နဲ့ ဖန်တီးမှုတွေဖြစ်တာကြောင့် ဒီမူအတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ် ။

Photo Credit From Original Uploader
Photo Credit From Original Uploader

JTBC က " ဒီမိုကရေစီအသွင်ကူး‌ပြောင်းရေးကို ဦးဆောင်လှုပ်ရှားနေတဲ့ သူလျှို ဆိုတာမရှိပါဘူး ။ ထုတ်လွှင့်ပြီးခဲ့တဲ့ နှစ်ပိုင်းမှာလည်း ဇာတ်ဆောင်နှစ်ယောက်ဟာ ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ ဦးဆောင်ပါဝင်ပတ်သတ်နေတဲ့ ဇာတ်ကွက်တွေမပါဝင်သလို ဇာတ်ညွှန်းရဲ့ ဘယ်နေရာမှာမှလည်း ပါဝင်မှာမဟုတ်ပါဘူး။ သမိုင်းကို ပုံပျက်နှိမ့်ချတယ်ဆိုတဲ့ ထောက်ပြမှုတွေဟာ အထင်လွဲမှုသပ်သပ်သာဖြစ်ကြောင်း ဆက်လက်ပြသသွားမယ့် အပိုင်းတွေက အဖြေပေးသွားပါလိမ့်မယ် ။ သက်သေပြချင်ပေမယ့် မထုတ်လွှင့်ရသေးဘဲ ဇာတ်ကွက်တွေကို ထုတ်မပြောနိုင်လို့ စိတ်မကောင်းပါဘူး။ ဒါကြောင့် ဆက်လက်ထုတ်လွှင့်မယ့် အပိုင်းတွေကိုပဲကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်။” လို့​ထုတ်ပြန်လာတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T