အလာဘားမား အမျိုးသားတစ်ဦးဟာ အကျယ် ၄ ပေနှင့် အနက် ၅ ပေသာရှိတဲ့ ဝတ်ပြုရာအိမ်တစ်ခုကို ဆောက်လုပ်ပြီးနောက် ကမ္ဘာ့အသေးဆုံး ဘုရားကျောင်းအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ရန် ကြိုးပမ်းခဲ့ပါတယ်။ Semmes ရှိ Loblolly Farm ပိုင်ရှင် Gary Smith က သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ ခန့်က Alabama ဘုရားကျောင်းများကို ဒီဇိုင်းဆွဲပြီးနောက် သူရဲ့ ဘုရားကျောင်းဖြစ်တဲ့ Chapel Des Champs ကို တည်ဆောက်ခဲ့တယ်လို့ ပြောပြပါတယ်။

အကျယ် ၄ ပေနဲ့ အနက် ၅ ပေရှိပြီး မြေပြင်မှ ၁၉ ပေ အနံရှိတဲ့ သူရဲ့ဘုရားကျောင်းဟာ လက်ရှိ ကမ္ဘာ့စံချိန်တင်ထားတဲ့ ဘုရားကျောင်းထက် စတုရန်းေပ ၇ ပေ သေးငယ်တယ်လို့ စပိန်နိုင်ငံ၊ Benalmadena ရှိ Santa Isabel de Hungria မှ ပြောကြားခဲ့ပါတယ်။ လူ ၃ ယောက်လောက် အဆင်ပြေနိုင်တဲ့ ချာ့ခ်ျသေးသေးလေးဟာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားသူဖြစ်ဖို့ သူ့တစ်သက်တာအိပ်မက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ Smith က ပြောပါတယ်။


သူ့ခြံမှာ လက်ထပ်တဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဓာတ်ပုံတွေအတွက် သူ့ရဲ့ ဘုရားကျောင်းငယ်လေးကို အသုံးပြုဖို့ တောင်းဆိုနေကြပြီလို့လည်း သူက ပြောပါတယ်။ သူရဲ့ဘုရားကျောင်းအား ကမ္ဘာ့အသေးဆုံးအဖြစ် အသိအမှတ်ပြုခံရစေရန် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ရန် သင့်လျော်သောစာရွက်စာတမ်းကို တင်သွင်းခဲ့ကြောင်း Smith မှ ပြောကြားခဲ့ပြီး ယခုအခါ မှတ်တမ်းထိန်းသိမ်းသည့်အဖွဲ့အစည်းထံမှ ပြန်လည်ဖြေကြားရန် စောင့်ဆိုင်းနေလျက်ရှိပါတယ်။ တခြားသော သေးငယ်တဲ့ ဘုရားကျောင်းတွေကိုလည်း ဖော်ပြလိုက်ပါတယ်။

သတင်း အရင်းအမြစ်៖ UPI