ဝါရင့်သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦးကတော့ တစ်ခေတ်တခါကတည်းက အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ကြော်ငြာပေါင်းများစွာကို လက်ခံရိုက်ကူးခဲ့ရတဲ့ သူမက ယခုလက်ရှိ Online ပေါ်မှာလည်း ကျောက်မြတ်ရတနာများ၊ ကားနဲ့ အိမ်တွေကို Live လွှင့်ရောင်းချပေးပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။


အသက်အရွယ်ရလာပေမယ့်လည်း ယနေ့အချိန်ထိ ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုပြီး ချောမောလှပနေတာကြောင့် ပရိသတ်တွေကလည်း ချစ်အားပိုနေရတာဖြစ်ပါတယ်။ ယနေ့မှာတော့ ထက်ထက်မိုးဦးဟာ ကြည်နူးဝမ်းမြောက်ဖွယ် အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးကတော့ ရွှေတံခါးဆရာတော်ထံ ဆေးအလှူငွေများ လှူဒါန်းပေးခဲ့သလို ဆွမ်းလည်းကပ်လှူခဲ့တာဖြစ်ပါတယ်။


အခက်အခဲ အမျိုးမျိုးရှိနေပေမယ့် ယခုလို ပြုလုပ်ခဲ့တဲ့ အလှူလေးမှာ (၇)ရက်သားသမီးအားလုံးအတွက် မေတ္တာပို့ပေးပြီး လောကဓံရဲ့ ဝဋ်ကြွေးတွေကြား ကုသိုလ်တွေအများကြီးထပ်ပြုဦးမယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။ ယနေ့ပြုခဲ့တဲ့ ထက်ထက်မိုးဦးရဲ့ အလှူလေးကတော့ တကယ့်ကို မွန်မြတ်လှပြီး မြင်ရသူတိုင်း ပီတိဖြစ်ရပါတယ်။ ချစ်ပရိသတ်တွေကလည်း သဒ္ဒါတရားထက်သန်စွာ ရက်ရက်ရောရော အလှူလေးပြုလုပ်ခဲ့တဲ့ ထက်ထက်မိုးဦးကို ဆုတောင်းမေတ္တာတွေပို့သပေးလိုက်ပါဦးနော် ။


သတင်း အရင်းအမြစ်៖ Source - Htet Htet Moe Oo