တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး K-pop အဖွဲ့ဖြစ်တဲ့ Black Pink အဖွဲ့ဝင် LISA ဟာ ကိုဗစ်ကူးစက်ခံလိုက်ရပြီလို့ YG Entertainment က ထုတ်ပြန် အသိပေးလိုက်ပါတယ်။ YG Entertainment ထုတ်ပြန်ချက်တွေမှာတော့ LISA ဟာ မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စုကနေ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ Black Pink အဖွဲ့ဝင် (၄) ယောက်လုံးဟာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးထားပေမယ့် LISA ဟာ နိုဝင်ဘာ (၂၄)ရက်နေ့ကမှ KST တွင်ရိုက်ကူးရေးအချိန်မတိုင်ခင်လေးမှာ ဆေးစစ်ဆေးခဲ့ပြီး Positive အဖြေထွက်ခဲ့တာ ဖြစ်ပါတယ်။


LISA ဟာ ကိုဗစ်ရောဂါ ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာတွေမပြဘဲ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်ကြောင်း သိရပါတယ်။ ရောဂါ ကူးစက်ခံထားရတဲ့ LISA နဲ့ အနီးကပ်ရှိခဲ့တဲ့ အဖွဲ့ဝင် JENNIE, JISOO, ROSÉတို့ကိုလည်း တစ်ယောက်ချင်းစီ Quarantine မှာ ထားရှိပြီး ယနေ့ဆေးစစ်ချက်တွေအရ ကျန်(၃)ယောက်လုံးမှာ ရောဂါကူးစက်ခံထားခြင်းမရှိဘူးလို့ YG Entertainment ထုတ်ပြန်လာခဲ့ပါတယ်။


YG Entertainment ကတော့ ကောင်းမွန်တင်းကျပ်တဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အတူ ကိုဗစ်ပိုးကို ကာကွယ်တွန်းလှန်သွားမှာဖြစ်ပြီး အနုပညာရှင်တွေနဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးကို အထူးအလေးပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပရိသတ်တွေကလည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ LISA အတွက် ကျန်းမာရေး အမြန်ကောင်းမွန်လာအောင် ဝိုင်းဝန်းဆုတောင်းပေးလိုက်ကြပါဦးနော်....။
သတင်း အရင်းအမြစ်៖ Source - allkpop