မြို့ကြီး(၃)မြို့ကို ဓာတ်အားပေးပို့နေတဲ့ လောပိတလျှပ်စစ်တာဝါတိုင်(၂)တိုင် ဖျက်ဆီးခံထားရတဲ့ မြင်ကွင်းတချို့

//s9.kh1.co/5b/5bd201514debad4d82d66c60f89c4e83bdcacf6e.jpg
နေ့စဉ်သတင်းများ

 ၂၅-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ကယားပြည်နယ်အတွင်းမှာတော့ လတ်တလော တိုက်ပွဲဖြစ်ပွားမှုများ ဆက်တိုက်ရှိနေခဲ့ပြီး ယနေ့မနက်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်၊ ဟိုဖိတ်ရွာအနီးမှာ တိုက်ပွဲများဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ယင်းအပြင် တိုက်ပွဲများပြင်းထန်နေတဲ့ ကြားကနေ ဒေါလရှေးနှင့် ဆော်ခီးဒေါ ‌ရွာကြားက လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် (၂)တိုင်ဟာ ဖျက်စီးခံရကြောင်း PKPF က ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF

အဆိုပါ လျှပ်စစ်ဓာတ်အားလိုင်းဟာ လောပီတ အမှတ်(၁) စက်ရုံကနေ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များသို့ သွယ်တန်းပြီး ဓာတ်အားပေးပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် (၂)တိုင်ဟာ နိုဝင်ဘာလ (၂၅) ရက်နေ့ မနက်ပိုင်းလောက်က ကျယ်လောင်စွာ အသံထွက်ပေါ်ခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျသွားတဲ့အထိ ဖြိုချဖျက်ဆီးခံလိုက်ရကြောင်း ကြားသိရပါတယ်။

Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF

ဓာတ်အားပေး တာဝါတိုင် (၂) ခု ဖျက်စီးခံရတာနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်းကိုလည်း PKPF က ဖော်ပြထားခြင်းမရှိပါဘူး။ လျှပ်စစ် ဓာတ်အားပေး တာဝါတိုင်တွေ ဖြိုချဖျက်စီးခံရတာတွေနဲ့အတူ ယခုရက်ပိုင်းမှာ ရန်ကုန် ၊ မန္တလေးနဲ့ ဧရာဝတီတို့ရှိ မြို့နယ်များမှာလည်း မကြာခဏ မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။

သတင်း အရင်းအမြစ်Source - PKPF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T