စိတ်ကူးလေးထဲက မာယာချိုလေးကို ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသကနေ လက်တွေ့ဘဝထဲ ခေါ်လာခဲ့ပုံကို ဖော်ပြလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ

//s9.kh1.co/15/158e4a5ba82547f45a14f3a2f4833e355e66f0bb.jpg
အနုပညာရှင်များ

 ၂၅-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

မောင် နဲ့ ရီရီပွင့်ဖြူ တို့ ချစ်သူနှစ်ဦးကတော့ တစ်ချိန်က အနုပညာနယ်ပယ်မှာ အောင်မြင်ခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားခဲ့တဲ့ သူတွေပဲဖြစ်ပါတယ်။ ကိုယ်စီပရိသတ်တွေရရှိထားတဲ့ သူတို့နှစ်ဦးဟာ ယခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အမြဲနားလည်သလို ကာလရှည်တွဲလာတဲ့ ချစ်သူစုံတွဲတွေဖြစ်တာကြောင့် ပရိသတ်တွေကလည်း အားကျနေတာဖြစ်ပါတယ်။

Photo Credit - Sein Phyo & Yi Yi
Photo Credit - Sein Phyo & Yi Yi
Photo Credit - Dior by Heart
Photo Credit - Dior by Heart

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ မောင်နဲ့ရီရီပွင့်ဖြူ တို့ ချစ်သူနှစ်ဦးဟာ မကြာခင်မှာ နှစ်ဦးသဘောတူ လက်ထက်တော့မယ်လို့လည်း ချစ်တဲ့ ပရိသတ်တွေကို တရားဝင်အသိပေးခဲ့ပါတယ်။ ဒါ့အပြင် Goal သေး​သေး​လေး​တွေကို အများကြီး ထားတတ် သူတို့ချစ်သူနှစ်ဦးက မကြာသေးခင်ကပဲ ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း မာယာချိုလေးလို့ အမည်ပေးထားတဲ့ ခွေးလေးကိုလည်း ဝေးလံခေါင်ဖျားတဲ့ နေရာကနေ ခေါ်ယူမွေးစားခဲ့ပါတယ်။

Photo Credit - Dior by Heart
Photo Credit - Dior by Heart

ချစ်သူနှစ်ဦးရဲ့ ဖြစ်ချင်တဲ့လေးစိတ်ကူးထဲက​နေ တကယ့် လက်တွေ့ ဘဝထဲ​ကိုရောက်လာခဲ့တဲ့ မာယာချိုလေးကြောင့် နှစ်ယောက်လုံးက တကယ့်ကို ပျော်ရွှင်​နေကြတာ ဖြစ်ပါတယ်။ ယခုမှာလည်း သူတို့နှစ်ဦး အရမ်းချစ်ရတဲ့ မာယာချိုလေးဟာ လက်တွေ့ဘဝထဲ ရောက်လာဖြစ်ပုံကို Vlog ရိုက်ကူးပြီး တင်ပေးလာခဲ့ပါတယ်။ ဒီ Vlog လေးကို ကြည့်ပြီး ခွေးချစ်ကြတဲ့ ပရိသတ်တွေလည်း ထပ်တူပျော်ရွှင်ပြီး နားလည်ကြပါလိမ့်မယ်လို့ ထင်မိပါတယ်။

သတင်း အရင်းအမြစ်Source - Sein Phyo & Yi Yi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T