Battlefield 2042 ဟာ November 19 ရက်နေ့ကမှ ထွက်ရှိလာတဲ့ ဂိမ်းအသစ်စက်စက်ပါ ဒါပေမဲ့ အခုတော့ Steam ပေါ်မှာ Negative review ပေါင်း 34690 နဲ့ Rating အနည်းဆုံး Game နေရာမှာ နံပါတ် ၈ ဖြစ်နေပါတယ် တကယ်လို့ ကစားသမားတွေကထပ်ပြီး Negative review တွေပေးနေမယ်ဆို အခြေအနေကပိုဆိုးလာဦးမှာပါ eBootball 2022 လောက်လူမုန်းမခံရသေးပေမဲ့ အလားအလာတော့ရှိနေပါတယ်
Dice ရဲ့အပိုင် ဒီဂိမ်းကစထွက်ကတည်းက ပြဿနာတွေတက်နေတာပါ ဂိမ်းထဲမှာ ပျက်စီးနေတဲ့ ယာဥ်တွေ ဂိမ်းဇာတ်ကောင်တွေ အပစ်ခံရတဲ့ရင်ပြတဲ့ hitbox ကဆိုးရွားလွန်းနေတာတွေ PC မှာ တော်တော်ညံ့တဲ့ perfomance တွေရယ် ကျည်ဆန်တွေရဲ့ တိကျမူတွေမှာလည်း ပြဿနာတက်နေတာတွေ စတာတွေကြောင့်ပါ ဂိမ်းကိုပြင်ဆင်ဖို့ အချိန်တစ်ရက်ယူခဲ့ပေမဲ့ ပြဿနာတွေကရှိနေသေးတာကြောင့် ရလဒ်အနေနဲ့ ကစားသမား ထောင်ပေါင်းများစွာက Bad Review တွေဝိုင်းပေးတာခံရပါတော့တယ်

Review ပေါင်း 46777 မှာ Positive review ဆိုလို့ 12087ပဲရှိပြီး တခြား 34690 က Negative တွေကြီးပါပဲ နာမည်ကြီး Streamer တစ်ယောက်က Battlefield ဟာ နောက် ၁၀ နှစ်အတွင်း ဘယ်လိုပုံစံဖြစ်လာမလဲ စိတ်ကူးကြည့်ဖူးပေမဲ့ ဒါကြီးကိုတော့ မျှော်လင့်ထားတာမဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ် ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်မှာ ကစားသမားတွေက ဂိမ်းထဲမှာရှိသမျှ ပျက်နေ ပျောက်နေတဲ့ Feature တွေကိုစာရင်းလုပ်ပြီး ပြောခဲ့ကြရာမှာ ထင်ထားတာထက်ကို ပိုများနေပါသေးတယ်

အဲ့ထဲကတချို့ကတော့ ကစားသမားတွေ ကြိုက်သလိုလျှောက်သွားလို့မရတာ အဓိက standard sever မရှိတာ အရင်တုန်းကရှိခဲ့တဲ့ ကိုယ်စိတ်ကြိုက် Character ကို ပုံစံသွင်းလို့ရတဲ့ Class-Based စနစ်ကိုဖယ်ပစ်တာ ဂိမ်းထဲမှာ ကစားသမားရဲ့ Profile နဲ့ Status တွေမရှိတာ သူများဆော့နေတာကို ကိုယ်ကကြည့်လို့မရတာ အရင်ဂိမ်းတွေနဲ့ယှဥ်ရင် ပျက်စီးမူ ဖျက်စီးနိုင်တာတွေ နည်းတာတွေပါပဲ တချို့ Player တွေဟာဆိုရင် Refund ပါပြန်တောင်းနေကြပါတယ် ဂိမ်းကိုအစအဆုံးပြီးမှမထုတ်ပဲနဲ့ Develop လုပ်လို့မပြီးသေးပဲ အစောကြီးထုတ်လိုက်တယ်လို့လည်း ဝေဖန်ခံနေရပါတယ်
EA နဲ့ Dice က Battlefield 2042 ကို Platform တွေအကုန်လုံးမှာ အဆင်ပြေအောင်လုပ်ပေးနိုင်မယ်ထင်ခဲ့ပေမဲ့ ဂိမ်းကဒီနှစ်ထဲမှာ ထွက်မလာသင့်ဘူးလို့ ထင်မိပါတယ် နောက်လနည်းနည်းကြာလို့ ဒီဂိမ်းကို update တွေပေးပြီးရင်တော့ Steam Review တွေနည်းနည်းတက်လာမယ် ဂိမ်းအခြေအနေကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်