အကောင်ရေ ‌၁၅ကောင်ပဲ ကျန်တဲ့အထိ ဖြစ်ခဲ့တဲ့ ရှားပါးငှက်မျိုးစိတ်

//s9.kh1.co/90/90ababa74e6d064301e3fe05a6049cdbdff87aba.jpg
MPT

 ၀၂-မေ-၂၀၂၄ ၇pm · လွန်ခဲ့သော ၁၅ ရက် က

အကောင်ရေ ‌၁၅ကောင်ပဲ ကျန်တဲ့အထိ ဖြစ်ခဲ့တဲ့ ရှားပါးငှက်မျိုးစိတ်

Lord Howe Woodhen သို့မဟုတ် Lord Howe Island woodhen ငှက်တွေကတော့ Lord Howe ကျွန်းမှာ အုပ်စုလိုက် ကျယ်ပြန့်စွာ တွေ့ရတဲ့ ငှက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ သိပ္ပံနာမည် Hypotaenidia sylvestros လို့ခေါ်တဲ့ ဒီငှက်ဟာ rail family က ဆင်းသက်လာတဲ့ မပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ သံလွင်ရောင် အမွေးအရောင်အဆင်း ရှိပြီး အမြီးတိုတဲ့ ငှက်တွေပဲ ဖြစ်ပါတယ်။ အတောင်ပံကတော့ အညို‌ရင့်ရောင် သစ်အယ်သီးအရောင်ရှိပြီး စူးရှတဲ့ အနီရောင် မျက်လုံးတို့ ပါရှိကြပါတယ်။ အပူပိုင်းဒေသသစ်တော တစ်လျှောက်မှာ တွေ့ရလေ့ရှိတဲ့ Lord Howe Woodhen ‌ငှက်တွေဟာ အများဆုံး ၉ နှစ်အထိ ရှင်သန်နိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/f5/f579d69276e669096623ccf492b7fc6597dd5a2e.jpg

သန်ကောင်များ ၊ မြေအောက်နေ အင်းဆက်များနဲ့ သစ်သီးတွေကို အဓိက စားသုံးကြပြီး တစ်ခါတစ်ရံ Shearwaters ငှက် နဲ့ Petrels ငှက်တို့ရဲ့ ဥကို ခိုးယူစားသုံးတတ်ကြပါတယ်။ အထီးအမတစ်စုံ အတူတူ ယှဉ်တွဲ နေထိုင်လေ့ရှိပြီး တစ်ဆုံးတိုင် တစ်ကောင်ကိုသာ ရွေးချယ်ကြတဲ့ ချစ်စရာ ငှက်မျိုးစိတ်လေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ၁၇၈၈ ခုနှစ်မှာ Lord Howe ကျွန်းကို ပထဆုံးတွေ့ရှိခဲ့တဲ့ သ‌င်္ဘောသားတွေဟာ ကျွန်းပေါ်က Lord Howe Woodhen ငှက်အပါအဝင် အခြား သစ်တောငှက် ၁၅ မျိုးကို တွေ့ရှိခဲ့ပါတယ်။ ပျံသန်းနိုင်ခြင်းမရှိဘဲ စူးစမ်းလိုစိတ်ရှိကြတဲ့ Lord Howe Woodhen ငှက်တွေဟာ အလည်အပတ်ရောက်ရှိလာတဲ့ သင်္ဘောသားတွေနဲ့ ထိုကျွန်းက ဒေသခံတို့ရဲ့ အလွယ်တကူ ရရှိလာတဲ့ အစားအစာတစ်မျိုး ဖြစ်လာခဲ့ပါတယ်။  

https://s9.kh1.co/__image/w=650,h=342,q=100/f9/f9e171167034000bdcd8d3a0b9b5c499695a9cc1.jpg

၁၈၃၄ ခုနှစ်မှာ ကျွန်းပေါ်မှာ နေထိုင်သူဦးရေ များပြလာခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်မှု များစွာ ဖြစ်ခဲ့တာကြောင့် သစ်တောငှက် မျိုးစိတ် ၁‌၅ မျိုးထဲက ၉ မျိုးဟာ မျိုးသုန်းပျောက်ကွယ်ခဲ့ရပါတယ်။ ဒါအပြင် ကျွန်းနေ ဝက် ၊ ဆိတ် နဲ့ အခြား ကုန်းနေကျောရိုးရှိ သတ္တဝါတို့ရဲ့ ဓားစာခံ ဖြစ်ခဲ့ရတဲ့ Lord Howe Woodhen ငှက်ဟာ ၁၉၈၇ ခုနှစ်မှာ မျိုးသုန်းလုနီးပါး အန္တာရာယ်နဲ့ ကြုံတွေ့ခဲ့ရပြီး စစ်တမ်းတွေအရ အကောင်ရေ ၁၅ ကောင်ဝန်းကျင်သာ ရှိတော့တယ်လို့ ဆိုပါတယ်။ လူတို့ရဲ့ ဖမ်းဆီးသတ်ဖြတ်စားသုံးမှု ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ရတဲ့ Lord Howe ကျွန်းရဲ့ ကိုယ်စားပြု Lord Howe Woodhen ငှက်တွေကို လက်ရှိမှာတော့ ထိန်းသိမ်း စောင့်ရှောက်မှုတွေ ပြုလုပ်ပေးလျက်ရှိပြီး မျိုးသုန်းတော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ချစ်စရာ ရှားပါးငှက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/bc/bc68b22828aa23e2ccafceacfe23c2b991c713f9.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T