နာမည်နဲ့လိုက်တဲ့ ထူးထူးဆန်းဆန်းကမ္ဘာ့အကြီးဆုံးအပင်မျိုးစိတ်

//s9.kh1.co/ee/ee88cd60ee4933a5811f9a7ed956e5d24127bd43.jpg
MPT

 ၀၂-မေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၅ ရက် က

နာမည်နဲ့လိုက်တဲ့ ထူးထူးဆန်းဆန်းကမ္ဘာ့အကြီးဆုံးအပင်မျိုးစိတ်

Andes of the queen လို့ခေါ်တဲ့ အပင်မျိုးစိတ်ဟာ မျိုးစိတ်ပေါင်း ၂၂၆ မျိုးပါဝင်တဲ့ Puya မျိုးစိတ်က ဆင်းသက်လာတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ Andes တောင်ကုန်းဒေသဇာတိဖြစ်တာကြောင့် Andes of the queen လို့ ခေါ်တာဖြစ်ပြီး အကြီးဆုံးအပင်မျိုးစိတ်ထဲက တစ်မျိုးပဲ ဖြစ်ပါတယ်။ Bromeliad မျိုးရင်းက ဆင်းသက်လာပြီး အပူပိုင်းဒေသတွေမှာ ပိုရှင်သန်နိုင်ကြပါတယ်။ ဘိုလီးဗီးယား ၊ ပီရူးတို့မှာ ကျယ်ပြန့်စွာ တွေ့ရှိခဲ့ရတဲ့ Andes of the queen အပင်ဟာ တစ်ခေတ်တစ်ခါက အသားစားအပင်လို့တောင် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/1f/1fc04c0b2b18c2c8588cafc00cbb691a80cd6840.jpg

ပင်စည်ရဲ့အမြင့်မှာ ၅ မီတာ ( ၁၅ပေ ) မြင့်ပြီး ၂၀၀ ဝန်းကျင်ရှိတဲ့ အဖြူရောင်အရွက်များ အပြည့် ပင်စည်ပတ်ပတ်လည် ပေါက်နေပါတယ်။ ရှည်လျားတဲ့ အရွက်ရှည်များလည်း ပါရှိပြီး အပင်တစ်ခုလုံး စုစုပေါင်းအရှည်မှာ ၁၅ မီတာ ( ၅၀ ပေ ) အထိ အမြင့်ရှိတာကြောင့် အတော်ကို ကြီးတဲ့ အပင်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါအပြင် Andes of the queen အပင်ရဲ့ လူတွေမသိသေးတဲ့ အချက်တစ်ချက်ကတော့ ဒီအပင်ရဲ့ ပန်းတွေဟာ ရာသီအကူးအပြောင်း ၃ လတစ်ကြိမ် ကာလအတွင်း ပန်း ၈၀၀ မှ ၁၀၀၀ ကြား ပွင့်ကြပါတယ်။ ခန်းမှန်းချေအားဖြင့် ပျမ်းမျှ နှစ် ၈၀ ဝန်းကျင် ရှင်သန်နိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/84/84e29eefd204c7fd1f4ba5b1692314d09278291e.jpg

အပွင့်ပေါင်းများစွာ ရှိတာကြောင့် ငှက် နဲ့ အင်းဆက်တို့ရဲ့ ပျော်စံရာ ဖြစ်ခဲ့ပြီး အပင်ရဲ့အဆူးကြောင့် မကြာခဏ ငှက်များသေဆုံးခဲ့ရကာ အသားစားအပင်လို့ ခေါ်‌ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အမြင့်ပေ ၃၀၀၀ မှ ၄၈၀၀ မီတာ ( ၉၈၀၀ မှ ၁၅၇၀၀ ပေ ) ကြားမြင့်တဲ့ ချုံပုတ်များ ၊ ကျောက်ဆောင်ကုန်းစောင်းများပေါ်မှာ ပေါက်ရောက် ရှင်သန်ကြပါတယ်။ ထူးခြားတဲ့ အပင်ဖွဲ့စည်းပုံကြောင့် လူသိများ ထင်ရှားပြီး အသိပညာမဖွံ့ဖြိုးတဲ့ ဒေသခံတွေရဲ့ ခုတ်လှဲမှုတို့ကြောင့် Andes of the queen အပင်များစွာ ဆုံးရှုံးခဲ့ပါတယ်။ ကြီးမားတဲ့ပင်စည်ကြီးနဲ့ Andes of the queen အပင်တွေဟာ နာမည်နဲ့လိုက်အောင်ကို ဂန္ဓဝင်ဆန်ဆန် လှပပြီး တစ်ထီးတစ်နန်း ရှိလှပါတယ်။ လက်ရှိမှာတော့ လူတွေရဲ့ စည်းကမ်းမဲ့ခုတ်လှဲမှုတွေကြောင့် မျိုးသုန်းပျောက်‌ကွယ်တော့မယ့် ရှားပါး အပင်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/cd/cd0b23304856b3c4809fecdf6f1f5849390de007.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T