မြင်းခေါင်းနဲ့ စစ်သူကြီးပင်လယ်မြင်းမျိုးစိတ်

//s9.kh1.co/79/79995064f0cc81333339c326a30840b81cd92488.jpg
MPT

 ၀၂-မေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၅ ရက် က

မြင်းခေါင်းနဲ့ စစ်သူကြီးပင်လယ်မြင်းမျိုးစိတ်

သိပ္ပံနာမည် Hippocampus erectus လို့ခေါ်တဲ့ Lined seahorse တွေကို ကနေဒါနိုင်ငံ ၊ Nova Scotia မြောက်ဘက်ပိုင်းမှ တောင်အမေရိကရှိ Venezuela ရဲ့ တောင်ပိုင်းဒေသ ၊ မြောက်အမေရိက နဲ့ မက္ကဆီကို တို့က ရေနက်ပင်လယ်ပြင်တွေမှာ တွေ့ရပါတယ်။ ပျမ်းမျှ ခန္ဓာကိုယ်အရှည်မှာ ၁၂ စင်တီမီတာ မှ ၁၇ စင်တီမီတာကြား ရှိပြီး အမြင့်ဆုံးအရှည် ၁၉ စင်တီမီတာ ရှိကြပါတယ်။ Lined seahorse အထီးတွေဟာ အမတွေထက် အကောင်အရွယ်အစားပိုကြီးပြီး အမြီးလည်း ပိုရှည်ကြပါတယ်။ အနက်ရောင် ၊ မီးခိုးရောင် ၊ လိမ္မော်ရောင်နဲ့ အဝါရောင် အကွက်ကြားတို့ ရှိပြီး ပျမ်းမျှဘဝသက်တမ်းမှာ တစ်နှစ် မှ လေးနှစ်အထိ နေထိုင်‌နိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/a5/a56cdc93e7a3618f8033bf8ca01142be10eb103a.jpg

ချပ်ဝတ်တန်ဆာ နဲ့ တူတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိပြီး စစ်သူကြီးပင်လယ်မြင်းလို့လည်း ခေါ်ကြပါတယ်။ ပတ်ဝန်းကျင် ၊ အစားအသောက် ၊ စိတ်ခံစားချက် ၊ စိတ်ဖိစားမှုအ‌လိုက် အရောင်အဆင်း အနည်းငယ် ပြောင်းတတ်ကြပါတယ်။ Lined seahorse တွေကို ပက်လယ်ရေအနက် ၇၃ မီတာဝန်းကျင်မှာ တွေ့ရပြီး ပင်‌လယ်ရေမှော် ၊ ပင်လယ်မြက် ၊ သန္တာကျောက်တန်း စတဲ့ ရေအောက်အရာဝတ္ထုတွေနဲ့ ရောနှော ပုန်းကွယ်နေတတ်ပါတယ်။ Lined seahorse တွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးမြစ်လက်တက် Chesapeake ပင်လယ်အော် ရှိ တစ်ခုတည်းသော ပင်လယ်မြင်းမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ဂဏန်းများ ၊ အရိုးနုငါးများ ၊ ပင်လယ်ငှက်များ ၊ ငါးမန်းများ ၊ တူနာငါးများ နဲ့ လင်းပိုင်ငါးတို့ရဲ့ အစာဖြစ်တဲ့ Lined seahorse တွေဟာ ရေကူး အင်မတန်နှေးတဲ့ ထူးထူးဆန်းဆန်း အေးဆေးနေတတ်တဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/02/024f001ccb4dab11e377bc884482e26a4d1b6b8e.jpg

ဒါအပြင် Lined seahorse တွေက သစ္စာရှိတဲ့ ငါးမျိုးစိတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ရေနဂါးအထီးတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်အမကို က‌ပြဖျော်ဖြေပြီး ဆွဲဆောင်ကာ သေဆုံးတဲ့အထိ အတူတူနေထိုင်ကြတဲ့ ချစ်စရာ ငါးမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ သံချပ်ကာ ခန္ဓာကိုယ် ၊ ရှည်လျားတဲ့ အမြီးရှည် ၊ မြင်းပုံစံဦးခေါင်း တို့ကြောင့် လူသိများထင်ရှားပြီး စည်းကမ်းမဲ့ ဖမ်းဆီးမှုတွေကြောင့် ၁၉၉၆ ခုနှစ်ကစ တဖြည်းဖြည်း အကောင်ရေ လျော့နည်းလာခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲခြင်း ၊ စားကျက်မြေများဆုံးရှုံးခြင်း ၊ ရေထုညစ်ညမ်းခြင်းတို့ကြောင့်လည်း အကောင်အရေအတွက် များစွာ လျော့နည်းခဲ့ပြီး လက်ရှိမှာတော့ စနစ်တကျ ပြန်လည် မွေးမြူစောင့်ရှောင်လျက် ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/09/098ecf37d140dc4f0c147566e0f7175d1c21ae76.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T