Lily of the valley ပန်းရဲ့ လူသိနည်းတဲ့အချက်များ

//s9.kh1.co/12/1271370f0fab13873f5e01baf122cf5642743c52.jpg
MPT

 ၀၂-မေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၅ ရက် က

Lily of the valley ပန်းရဲ့ လူသိနည်းတဲ့အချက်များ

ချိုင့်ဝှမ်းလီလီ လို့ခေါ်တဲ့ Lily of the valley ပန်းလေးကတော့ နွေဦးရာသီမှာ အစုလိုက်အပြုံလိုက် ဝေဝေ‌ဆာဆာ အခိုင်လိုက် ပွင့်ဖူးနေတဲ့ ချစ်စရာ အဖြူရောင်ပန်းမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ‌မွှေးပျံ့နေတဲ့ မွှေးရနံ့ပါရှိပြီး အာရှတိုက် နဲ့ ‌ဥရောပရဲ့ အေးမြတဲ့ သမပိုင်း မြောက်ကမ္ဘာခြမ်းတစ်ခွင်မှာ ကျယ်ပြန့်စွာ ပေါက်ရောက်‌ကြပါတယ်။ ခေါင်းလောင်းပုံစံ အဖြူရောင် ပန်းပွင့်လေးများနဲ့ အခိုင်လိုက်ပွင့်လေ့ရှိတဲ့ Lily of the valley ပန်းလေးတွေကို အမေရိကန်လီလီ ( May bells ) လို့လည်း ခေါ်ကြပါတယ်။ မေလရဲ့ မွေးလပန်းလို့လည်း တင်စားခေါ်ဝေါ်ကြပြီး ဒီပန်း‌လေးတွေဟာ အေးချမ်းတဲ့နိမိတ်ကို ဆောင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/1b/1bbc1d447fc53654180a8ef05c41f08384be71e6.jpg

နှစ်ရှည်အပင်တစ်မျိုးဖြစ်ပြီး ဖြောင့်တန်းတဲ့ အကိုင်းတစ်ကိုင်းဆီမှာ ခေါင်းလောင်းပုံအဖြူပွင့်လေးများက ငိုက်ကျနေသဏ္ဍာန် ‌ဖြစ်နေပါတယ်။ ပုံမှန်အားဖြင့် ၁၅ မှ ၃၀ စင်တီမီတာ ( ၆ မှ ၁၂ လက်မ ) ကြာမြင့်ပြီး အကိုင်းတစ်ခုမှာ အပွင့် ၅ ပွင့်မှ ၁၅ ပွင့်အထိ ရှိတဲ့ အပင်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အပူအအေး မျှတတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ကြပြီး အက်ဆစ်ဓာတ် အတော်အတန်ရှိတဲ့ အယ်လ်ကာလိုင်းမြေဆီလွှာမျိုးကို ပိုသဘောကျ ရှင်သန်နိုင်ပါတယ်။ Lily of the valley ပန်းတွေကို အမြင့် ၁၅၀၀ မီတာ ( ၄၉၀၀ ပေ ) မြင့်တဲ့ တောင်အမြင့်များမှာ ပေါက်ဖွားတာကို တွေ့ရပါတယ်။ ဒီပန်းတွေနဲ့ မွှေးပျံ့တဲ့ သင်းရနံ့ကြောင့် လူသိများပြီး အခမ်းအနားပွဲတွေနဲ့ မင်္ဂလာပွဲ ၊ အရေးကြီးပွဲတွေမှာ အလှဆင်လေ့ ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/b3/b30e0d8c2f64b853466220058c45b73f7a578185.jpg

လှပတဲ့ အဖြူရောင်ပန်းပွင့်တွေနဲ့ ချိုင့်ဝှမ်းလီလီဟာ မွှေပျံ့တဲ့ ရနံ့ကြောင့် ကလေးငယ်တွေ သာမက လူငယ်၊လူကြီး များကြားမှာပါ ရေပန်းစားလာခဲ့ပါတယ်။ ‌၁၉၅၆ ခုနှစ်မှာ ပြင်သစ် ကုမ္မဏီ Dior ရဲ့ ပဲ့ကိုင်ရှင် Christian Dior ဟာ ဒီ Lily of the valley ပန်းရနံ့ ရေမွှေးကို ဖန်တီး ထုတ်လုပ်ခဲ့ပါတယ်။ ဂန္ဓဝင် ရေမွှေးအဖြစ် ရည်ရွယ်ထုတ်လုပ်ခဲ့သော်လည်း အရေပြားယားယံခြင်းပြဿနာများ ဖြစ်ခဲ့တာကြောင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်။ ပြီးပြည့်စုံပြီး လှပနေတဲ့ Lily of the valley ဟာ cardiac glycosides ဓာတ်တစ်မျိုး ပါဝင်တာကြောင့် စားမိပါက လူနဲ့ တိရစ္ဆာန်များ စားမိမယ်ဆိုရင် ဗိုက်နာခြင်း ၊ ပျို့အန်ခြင်း ၊ အော့အန်ခြင်း နဲ့ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီ ဓာတ်ကြောင့် Lily of the valley တွေကို ရိုးရာတိုင်းရင်းဆေးမှာ နှလုံးကို အားကောင်းစေပြီး မှတ်ဉာဏ်အားကောင်းစေတယ်လို့ ဆိုကာ ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါသေးတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d3/d36e1eec3a36c971cc6127a9741be34da2584947.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T