ငှက်ပျောသီးအခွံနှင့် Skin Care နည်း

//s9.kh1.co/96/9682d992adead1a507743899568a8826032ca5f8.jpg
MPT Lifestyle

 ၁၇-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၅ ရက် က

ငှက်ပျောသီးအခွံနှင့် Skin Care နည်း

ငှက်ပျောသီးအခွံဟာ Fatty Acid နှင့် Antioxidant တို့ပေါပေါများများပါဝင်တဲ့အရာဖြစ်တာကြောင့် အသားအရေအတွက်ကောင်းကျိုးတွေအများကြီးဖြစ်စေပါတယ်။ အထူးသဖြင့် ငှက်ပျောခွံဟာ ဝက်ခြံလိုမျိုးအသားအရေပြဿနာတွေကြောင့် ကျန်နေခဲ့တဲ့ အမာရွတ်တွေ ချိုင့်ခွက်တွေကို ပြန်သက်သာလာစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=648,h=810,q=100/51/517b49d74d394ac633f690a9e30f39e83c4e31a5.jpg

ငှက်ပျောခွံကို သန့်စင်ထားတဲ့အသားအရေပေါ်မှာ ဆယ်မိနစ်ကြာဖွဖွလေးပွတ်တိုက်ပေးရပါမယ်။ ဒီလိုတိုက်တဲ့နေရာမှာ ဝက်ခြံဖြစ်နေတဲ့အချိန်တွေမှာမလုပ်ဘဲ ဝက်ခြံတွေပိန်သွားပြီးအနာသက်သာနေချိန်မှာ လုပ်ရမှာပါ။ ပွတ်တိုက်နေတဲ့ အပိုင်းအစကညိုးသွားပြီဆိုရင် တစ်ခြားအသစ်နှင့်ပြောင်းပြီးတော့ မိနစ်သုံးဆယ်လောက်မျက်နှာကိုလိမ်းပေးရပါမယ်။ ငှက်ပျောခွံအကုန်သုံးပြီးနောက်မှာ မိနစ်နှစ်ဆယ်လောက်မျက်နှာထဲကို စိမ့်ဝင်သွားအောင်ထားလိုက်ပြီးနောက်မှာ ရေဆေးချလိုက်ရပါမယ်။ 

https://s9.kh1.co/__image/w=564,h=847,q=100/9f/9fe2a9b9e074e3a541876063d266565c014eda8f.jpg

ဒီနည်းလမ်းကို တစ်ရက်တစ်ကြိမ်ပုံမှန်လုပ်ပေးရင် တစ်ပတ်အတွင်းမှာတင်အမာရွတ်တွေသိသိသာသာပါးသွားနိုင်ပါတယ်။ ပိုပြီးထိရောက်ချင်တယ်ဆိုရင် ဂျိုဂျိုဘာအဆီကိုပါပေါင်းပြီးတော့ အတူအသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းဟာနာမည်ကြီး အလှအပဘလော့ဂါတွေကိုယ်တိုင် စမ်းသပ်သုံးစွဲကြည့်ကြတဲ့နည်းလမ်းဖြစ်တာကြောင့် ငွေကြေးကုန်ကျမှာစိတ်ပူနေသူတွေ စမ်းကြည့်သင့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/4e/4e133654e317e07e579fda591439cc70e10e1aad.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T