အဆီပြန်လွန်းတဲ့ အသားအရေအတွက် အစိုဓာတ်အပြည့်အဝပေးနိုင်တဲ့အရာများ

//s9.kh1.co/f3/f366bf26076d7ee1bad5a8bf0d7c90c6bd077aee.jpg
MPT Lifestyle

 ၁၆-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၁၆ ရက် က

အဆီပြန်လွန်းတဲ့ အသားအရေအတွက် အစိုဓာတ်အပြည့်အဝပေးနိုင်တဲ့အရာများ

အဆီပြန်လွန်းတဲ့ အသားအရေဟာ ပုံမှန်အားဖြင့် ရေဓာတ်အပြည့်အဝရှိနိုင်ဖို့ခက်ခဲတတ်ပါတယ်။ ဒီလိုစူပါအဆီပြန်အသားအရေဟာ ရေဓာတ်ဖြည့်ထုတ်ကုန်တွေနှင့်သာမက သဘာဝရေဓာတ်နှင့်ပါ ဖြည့်ရင်တောင် ရေဓာတ်ပြည့်ဝဖို့ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ဒီလိုအသားအရေတွေအတွက် ရေဓာတ်အပြည့်အဝရဖို့ဆိုရင် နေ့စဥ်ဘဝမှာသုံးစွဲတဲ့ အရာတွေကနေပါရေဓာတ်ရအောင်ဖြည့်တင်းဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=787,q=100/f0/f073a3ed798204e2eb3def2418224771af434896.jpg

နွားနို့တွေဟာ သဘာဝရဲ့လက်ဆောင်တွေထဲက အထိရောက်ဆုံးနှင့်အကောင်းဆုံးရေဓာတ်ဖြည့်ပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ဟာလည်း အသားအရေပြဿနာအများစုကိုကူညီပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရေဓာတ်ဖြည့်ပေးတာအပါအဝင် နေရောင်ခြည်ကြောင့် အသားအရေပျက်စီးတဲ့ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။ သံပုရာနှင့် ပျားရည်အရောအစပ်ကလည်း ရေဓာတ်ဖြည့်ပေးရုံတင်မကဘဲ ဝက်ခြံတွေကိုပါးစေပြီး အမာရွတ်တွေကို ကြည်လင်သွားစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/f6/f6dacb519f7949c71dbf04b74a3b9c16a4e4d4ce.jpg

နေကြာဆီစစ်စစ်ကလည်း အသားအရေကိုပြန်လည်ကုသနိုင်စွမ်းကောင်းမွန်ဖို့နှင့် အလွန်အကျွံအဆီပြန်ခြင်းမဖြစ်အောင်ကူညီပေးနိုင်ပါတယ်။ နေလောင်ကာခရင်မ်တွေမှာ ပါဝင်လေ့ရှိတဲ့ ဂျိုဂျိုဘာအဆီကလည်း ရေဓာတ်ဖြည့်တင်းပေးဖို့အတွက် အဓိကထားအသုံးပြုကြလေ့ရှိတဲ့ အဆီဖြစ်ပါတယ်။ လက်ဖက်စိမ်းကလည်း ရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပြီးတော့ အသားအရေရဲ့ရေဓာတ်ပါဝင်မှုကို ထိန်းညှိပေးပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T