ဘဝကိုလုံးဝပျက်စီးသွားအောင် လုပ်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်။ အတ္တကြီးလွန်းခြင်းဟာ အဓိကကျတဲ့အကြောင်းအရာတစ်ခုပါ။ အတ္တကြီးမားလွန်းပြီး ကိုယ့်အတွက်ပဲတွေးလွန်းတဲ့သူရဲ့ဘဝဟာ သေချာပေါက်ကောင်းမွန်တဲ့ရလာဒ်တွေရှိလာမှာမဟုတ်ပါဘူး။ မကောင်းတဲ့မိတ်ဆွေသူငယ်ချင်းတွေရှိခြင်းကလည်း အလားတူပဲ မကောင်းတဲ့သက်ရောက်မှုတွေအများကြီးကိုဖြစ်လာစေနိုင်ပါတယ်။
မကောင်းတဲ့အတွေးတွေနှင့် အဆိုးမြင်တတ်မှုတွေကလည်း ဘဝကြီးကိုပိုပြီးဆုတ်ယုတ်နေအောင်လုပ်နိုင်ပါတယ်။ အထူးသဖြင့် အဆိုးမြင်အတွေးတွေများလွန်းတဲ့သူတစ်ယောက်ဟာ ပတ်ဝန်းကျင်ကိုပါ မကောင်းတဲ့သက်ရောက်မှုတွေဖြစ်လာစေမှာဖြစ်ပါတယ်။ တစ်ခြားသူတွေပြောသမျှကိုနားထောင်နေပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်တာကလည်း ဘဝမှာအထိနာလာစေမယ့်အကြောင်းအရာဖြစ်ပါတယ်။
ရုပ်ဝတ္ထုနှင့်ငွေကြေးတွေကို ရှေ့တန်းတင်လွန်းပြီး အရာရာကိုငွေကြေးနှင့်ပဲကြည့်ခဲ့ခြင်းကလည်း ဘဝကိုပျက်စီးသွားစေနိုင်ပါတယ်။ ဒါ့အပြင် မကောင်းတဲံ့ စွဲလမ်းမှုတွေကလည်း ဘဝကိုတစ်ဆင့်နိမ့်သွားအောင်တွန်းပို့နိုင်ပါတယ်။ အရက်သောက်တာ လောင်းကစားစွဲလမ်းတာလိုမျိုးအကျင့်ဆိုးတွေဟာ ဘဝတော်တော်များများကိုပျက်သုဥ်းသွားစေနိုင်တဲ့အရာတွေဖြစ်ပါတယ်။