Song Jihyo နှင့် အကောင်းဆုံးစုံတွဲဆုရလိုကြောင်း ပြောကြားလာတဲ့ Yang Se Chan

//s9.kh1.co/67/6790f5c5ffcd68e881c0cb240206356bd1f7f6f9.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၅ လ က

Song Jihyo နှင့် အကောင်းဆုံးစုံတွဲဆုရလိုကြောင်း ပြောကြားလာတဲ့ Yang Se Chan

Running Man ရဲ့ ပုံမှန်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ယန်းဆယ်ချန်းက အပိုင်းသစ်မှာ သူ့အနေနှင့် ဂျီဟိုဘယ်လောက်လှကြောင်း အပိုင်းတစ်ခုမှာ သတိထားမိတယ်ဆိုပြီးဖွင့်ပြောခဲ့ပါတယ်။ ဆယ်ချန်းဟာ တောင်ကိုးရီးယားရဲ့နာမည်ကြီးဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပြီးတော့ အရင်က Running Man အဖွဲ့ဝင်ဟောင်း ဆိုမင်းနှင့် Loveline တွေလုပ်ခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=643,q=100/c2/c2b51451f25853f608b730ddf696aa7cbe9593ea.png

ဆိုမင်းထွက်သွားပြီးနောက်ပိုင်းမှာ Running Man ဟာ ပုံမှန်အဖွဲ့ဝင်အသစ်တွေမထည့်တော့ဘဲ ဧည့်သည်တွေပဲပိုခေါ်ပြီးတော့ ရှိုးကိုဆက်ရိုက်နေခဲ့တာပါ။ ဆယ်ချန်းက သူ့အနေနှင့် ၂၀၂၄ ရဲ့ အကောင်းဆုံးစုံတွဲဆုကို ဂျီဟိုနှင့်အတူရလိုကြောင်း ပြောခဲ့တာပါ။ ဂျီဟိုကတော့ ဒီအပြောကိုရယ်ရယ်မောမောနှင့်ပဲတုံ့ပြန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/6f/6f18d5e160e0801086b39ec31ffa23eef4711e42.png

ဂျီဟိုဟာ မကြာသေးခင်ကမှ Running Man မှာတက်တက်ကြွကြွမရှိဘူးဆိုတဲ့အကြောင်းပြချက်နှင့် အဖွဲ့ထဲကနေပြီးထွက်သွားဖို့အပြင်းအထန်ဝေဖန်ခံခဲ့ရတာပါ။ အခုနောက်ပိုင်းအပိုင်းတွေမှာ ပိုပြီးတက်ကြွလာပြီးတော့ အေဂျင်စီနှင့်ဖြစ်တဲ့ပြဿနာတွေလည်းပြီးဆုံးသွားတာကြောင့် ဇာတ်ကားအသစ်တွေပါရိုက်ကူးနေရပြီဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=811,q=100/7c/7ca2dc12e293731c10bcec3cd1b644e4c1bb4285.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T